Ep-10

3.6K 307 6
                                    

နံနက်ခင်းအခါသမယတွင် ငှက်ကလေးတွေက သူတို့အချင်းချင်း ပြိုင်ဆိုင်ကာ တေးသီချင်းတွေသီကြူးနေသလို ..
ပန်းကလေးများကလည်း ဆောင်းမနက်ခင်းကို အလှဆင်ရန် အားလုံး နိုးထလာကြသည် ...
နေမင်းကြီးကလည်း အေးချမ်းနေသော ပတ်ဝန်းကျင်ကိုနွေးထွေးမှုပြုရန် ထွက်ပြူစပြုနေချိန် ...
ရေသီးနေသော သစ်ရွက်ကလေးများသည် မသိရင် ရောင်ခြည်တွေပဲထွက်နေသလိုလို ...
Kyungsoo မျက်လုံးနှစ်လုံးပွင့်တာနှင့် ပတ်ဝန်းကျင်က အလှတရားတွေကိုပုံဖော်ကာ ကြည်နူးနေမိသည် ...
ချစ်သူသည် အသည်းကြမ်းနှင့် လူသားတစ်ယောက်ကိုတောင် နူးညံ့သွားအောင် ကဗျာတွေသင်ကြားပေးတတ်သည် ...

ထို့ထက်ပိုကြည်နူးဖို့ကောင်းသည်မှာ ကိုယ်ချစ်ရတဲ့သူ ရင်ခွင်ထဲက နိုးထခွင့်ရပါလား ဆိုသည့် အသိသည် သူ့နှုတ်ခမ်းဖျားကို အပြုံးပန်းတွေဖူးပွင့်နေစေအောင် စွမ်းဆောင်နေသည် ...

ပတ်ဝန်းကျင်အလှနှင့်ပြိုင်နေသော .. သူ့ချစ်သူ Kim jongin ကိုကြည့်ကာ Kyungsoo မနေနိုင်စွာ နှုတ်ခမ်းလေးကို အနမ်းတစ်ပွင့်ချွေမိသည် ...

"Mornee .. jongin ya .. "

နှုတ်ခမ်းမှာပြုံးရိပ်ထင်သွားသော ချစ်သူ၏မျက်နှာကိုကြည့်ကာ နိုးနေမှန်း Kyungsoo သိလိုက်သည် ....

"ထတော့အိပ်ပုတ် ... "

Kyungsoo တစ်ယောက် Jongin ၏နှာခေါင်းလေးကို မနာအောင်ဆွဲလိမ်ကာ နှိုးလိုက်သည် ...

"အင်း..... ထချင်သေးဘူး "

Jongin တစ်ယောက်အပျင်းကြောဆွဲပြီး ခန္ဓာကိုယ်​ကို တစ်ပတ်လည်ကာပင် လှည့်သွားသေးသည် ...

ကြည့်စမ်း ကျွန်တော့်စကားကို အလေးထားပုံများ ..
ဘယ်ရမလဲ Do Kyungsoo တဲ့ တစ်soo ပဲရှိတယ် နှစ်ဆူးရှိရင် အဲ့ဆူးကို ပလယာနဲ့ ဆွဲနှုတ်ပစ်မယ် ...

"Jongin ya... chargi .... ချစ်ချစ် ... ထတော့နော် .. လိမ္မာတယ် ... "

Kyungsoo ၏စကားသည် Jongin အတွက်တော့နှိုးနေသည်နှင့်မတူ ပိုလို့တောင် ချော့သိပ်နေသလိုပင် ...

"ထတော့ဆိုနေ ... chargi ya.... "

Kyungsoo သူ့အသံထဲမှာ အချစ်ဗို့အားတွေတိုးကာ ဂိတ်ဆုံး အသံကိုညုကာ နှိုးလိုက်သည်.. .

နှလုံးသာတစ်စုံရဲ့ တောင်ပံခတ်သံ Where stories live. Discover now