ယခုဆို Kyungsoo ဆေးရုံတက်နေသည်မှာ တစ်ပတ်ပင်ပြည့်တော့မည် ။ ခုထိ Jongin ကိုမတွေ့ရသေး ။ မတွေ့ရသေးဆို သူသတိရကတည်းက Jongin ကအနားမှာမရှိ ...။
သူသတိရတော့ ပထမဆုံးတွေ့ချင်သည့်သူသည် Kim Jongin ဆိုသည့် သူသိပ်ချစ်ရသော သူ့ယောကျာင်္းဖြစ်သည် ။ သို့သော် သူပထမဆုံးတွေ့ရသည်က သူမရင်းနှီးသည့် သူစိမ်းလူတစ်ယောက်၏မျက်နှာဖြစ်နေသည် ။ ထိုလူစိမ်း၏နောက်မှာများရှိနေမလားလို့မျှော်လင့်ချက်တစ်ပိုင်းတစ်စနှင့် သူအသည်းအသန်ကြည့်မိပေမယ့်လည်း သူရင်းနှီးသည့်မျက်နှာနှင့်ခပ်ဆင်ဆင်တူသည့် သူပင်တစ်ယောက်မှမရှိ ။
ထို့အတူဝမ်းနည်းမှုကလည်း နောက်မှထပ်ကြပ်မကွာလိုက်လာကာ မျက်ရည်အသွင်ပြောင်းကာ ကျဆင်းလာပြန်သည် ..။
"ဘယ်နားကနာနေလို့လဲ Kyungsoo shi "
Kyungsoo မိမိကို စိုးရိမ်တကြီးမေးနေသည့် အသားဖြူဖြူနှင့် ဒေါက်တာချောချောလေးအမေးကို ခေါင်းရမ်းကာသာဖြေမိသည် ..။
တကယ်ကြားချင်တာက ချစ်ဆုံးသူဆီကမေးတဲ့စိုးရိမ်စကားသံ ...သူဖုန်းဆက်တော့လည်း Jongin ဖုန်းကပိတ်ထားတယ်တဲ့ ..
Jongin သူ့ကိုစိတ်ကုန်သွားတာလား ..?
ဒါပေမယ့် သူ့အချစ်ကထိုကဲ့သို့ပေါ့တန်လွန်းတဲ့ လေပွေလိုအချစ်မျိုးလဲမဟုတ်ဘူးဆိုတာ Kyungsoo ကောင်းစွာနာစွာလည်သဘောပေါက်သည်..။ ပိုက်ဆံလိုလို့အလုပ်အသည်းအသန်လုပ်နေရသည်ဆိုလဲ သူ့ကို လာမတွေ့နိုင်လောက်အောင်အထိ မအားလပ်ဘူးဆိုတာ အဓိပ္ပါယ် ရှိရဲ့လား ..။
ဘယ်လိုအကြောင်းပြချက်နှင့်အကိုက်ညီဆုံးဆိုတာ Kyungsoo မတွေးတတ်တော့ .. ။"တီ..တီ .. "
Kyungsoo စားပွဲပေါ်ကမြည်လာသော ဖုန်းလေးကြောင့် ကုတင်ပေါ်ကအသည်းအသန်ထမိသည် ... ။
Jongin ပဲ! ဒါ kyungsoo ဆေးရုံတက်နေတဲ့ သုံးရက်အတွင်းမှာမှ ပထမဆုံးစဆက်တဲ့ဖုန်ဲး ..။
ဆေးရုံစရိတ်ကိုတော့သေချာပို့ပေးကာ လူကတော့ စာမလာ သတင်းမကြားပဲပျောက်နေတာ သူလွန်လွန်းတယ်မလား .. ။
ထို့ကြောင့် jongin ဖုန်းဆက်လာရင်ရန်တွေ့မယ်လို့ စိတ်ထဲတေးမှတ်ထားသည့်အကြောင်းအရာများစွာကလည်း တကယ်တမ်းသူ့အသံကြားရတော့ ပထမဆုံးရည်းစားစကားပြောခံရမည့် လူပျိုပေါက်တစ်ယောက်ကဲ့သို့ ရင်ဖိုလှိုက်မောကာ ဘယ်ကစပြောရမလဲ အဆီအငေါ်မတည့် ...။