Kyungsoo အက်ႌစကို မြွေလိုရစ်ပတ်ကာဆွဲထားသောကြောင့် Kyungsoo ခမျာကြောက်အားကြီးလွန်းစွာ Kai ရင်ခွင်ထဲမှအတင်းရုန်းကန်နေရှာသည် .. ။ Kai , kyungsoo ကို ရင်ခွင်ထဲပိုတိုးလို့ဖက်ကာ အင်္ကျီစကိုဆွဲထားသော ထိုလူ၏လက်အား လှမ်းလိမ်ချိုးကာဖမ်းဆွဲလိုက်သည် ။ ထိုအချိန် တိကျစွာဆိုက်ရောက်လာသော အနက်ရောင်ကားသုံးစီးကြောင့် အားလုံးတစ်ပြိုင်တည်းလိုလိုပင် အပြင်ကိုလှည့်ကြည့်လိုက်ကြသည် .. ။ ကားပေါ်ကဆင်းလာသော အနက်ရောင်ဝတ်စုံနှင့်လူမိုက်ပုံစံများကြောင့် Kai တို့လွတ်မြောက်ပြီဆိုတာ ကျိန်းသေသည် .. ။
ထိုနေ့ကလွတ်မြောက်ခဲ့ပေမယ့် ထိုဆေးရုံကတော့ Kai လက်ထဲမှမလွတ်မြောက်နိုင်ပါ .. ။Kai ကုတင်ပေါ်မှာအိပ်ဆေးအရှိန်နှင့်အိပ်ပျော်နေသော Kyungsoo နဖူးလေးမှဆံစလေးများကိုသပ်တင်ပေးနေမိသည် .. ။ kyungsoo ခန္ဓာကိုယ်အနှံ့က အညိုရောင်ဒဏ်ရာအကွက်များသည် Kai ထိုစိတ္တဇဆေးရုံကိုခွင့်မလွှတ်နိုင်သည့် ကြီးမားဆုံးသောအကြောင်းပြချက်ဖြစ်သည် .. ။
ယုတ်မာသည် ၊ အောက်တန်းကျသည်ဟုပြောပြော Kai ထိုဆေးရုံအကြောင်းကို social network တွေမှာဖြန့်ကာ လူတိုင်းသိအောင်ကြေငြာလိုက်သည်။ Kai သတင်းဖြန့်မှုမည်မျှအောင်မြင်လဲဆိုလျှင် အစိုးရကတောင် ထိုဆေးရုံကိုစစ်ဆေးရေးဝင်ရသည်အထိပင် .. ။ Kyungsoo နည်းတူ အခြားလူနာများတွင်လည်း ထပ်တူညီသောဒဏ်ရာများစွာရှိနေကြသည် .. ။ ခြိမ်းခြောက်သည့်နည်းနှင့် လျှပ်စစ်နှင့်တို့ကာ ခြောက်လှန့်ခြင်းအားဖြင့် လူနားများသနားကြင်နာမှုမဲ့စွာ ထိန်းသိမ်းသည်တဲ့လေ .. ။ ကျိန်းသေတာတော့ ထိုဆေးရုံဖျက်သိမ်းဖို့သေချာသလောက်ပင် .. ။ ထိုကိစ္စများကို လူနာရှင်တွေမသိကြ ... ။
Kai ကြည့်နေရင်းမှပင် Kyungsoo တစ်ယောက် လူးလွန့်ကာနိုးလာသည် .. ။
"Baby ... နိုးလာပြီလား ..
သူတို့ကိုမှတ်မိလားဟင် ... "Kai , baekhyunနဲ့ chanyeol ကို လက်ညှိုးထိုးပြကာမေးလိုက်သည် .. ။
"ငါ့ကို မှတ်မိလား kyungsoo "
Baekhyun မိမိရင်ဖက်ကိုပုတ်ပြကာ ရင်တထိတ်ထိတ်နှင့် Kyungsoo အဖြေကိုစောင့်နေမိသည် .. ။ သို့သော် Kyungsoo သည် သူတို့ကိုအချိန်ကြာမြင့်စွာစိုက်ကြည့်နေပြီး ဘာမှမပြော ... ။ ထို့ပြင်မျက်ရည်များဝဲကာ တစ်လုံးချင်းတစ်လုံးချင်းကျဆင်းလာသော Kyungsoo ကြောင့် Kai မှာ ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ Kyungsoo ကိုယ်လေးကိုသိုင်းဖက်ထားလိုက်သည် ..။
