နေညိုညို ညနေဆည်းဆာချိန်တွင် အိပ်တန်းတက်သော ငှက်ကလေးများ၏တကျီကျီအော်သံ ၊ တစ်ယောက်ယောက်ဆွဲချသလို ရုတ်တရတ်တောင်ကွယ်ကိုဝင်ပုန်းရန် ကြိုးစားနေသော နေမင်း၏ပုဇွန်ဆီရောင်ပတ်ဖြန်းမှုကြောင့် ကောင်းကင်တစ်ခွင်နှင့် ပတ်ဝန်းကျင်သည် တကယ်ပင် ကဗျာတွေစာတွေထဲကအတိုင်း လှချင်တိုင်းလှနေသည် ..ထို့ထက် ချစ်ရသူနှင့် အတူရှိနေခြင်းက အလှအပကို ပိုမိုလှပအသက်ဝင်စေသည်လေ
Kyungsoo တဖြည်းဖြည်းနားလည်လာသည် ....
Jongin သည် သူ့ဘဝ၏တစ်စိတ်တစ်ပိုင်းမဟုတ်တော့ သူ့ဘဝတစ်ခုလုံးပင် ..."Jongin ya ကြည့်ပါဦး ငှက်ကလေးတွေဘဝကအရမ်းလွတ်လပ်တာပဲနော်
ကိုယ်ချစ်ရသူနဲ့ မနက်အိပ်ယာတူတူထ အစာတူတူရှာ အိပ်တန်းတူတူတက် ဘယ်သူမှဂရုစိုက်နေစရာမလိုဘူး .. အားကျစရာကြီးနော် ""ကိုယ်တို့မှာလည်းတောင်ပံပါပါတယ် Baby ရဲ့ .. "
"ဟွန့် .. ဟုတ်လည်းဟုတ်ပဲနဲ့ ..
လူမှာဘယ်လိုလုပ်တောင်ပံပါမှာလဲ ""အခုချိန်မှာ လူတွေကိုတို့ကို လက်ခံချင်မှလက်ခံမှာ ..
ဒါပေမယ့် တစ်နေ့မှာ ကိုယ်တို့နှစ်ယောက်ရဲ့နှလုံးသားတစ်စုံရဲ့ တောင်ပံခတ်သံကိုလူတိုင်းကြားစေရမယ် ..
ကိုယ်တို့နှလုံးသားရဲ့တောင်ပံခတ်သံနဲ့ တစ်ကမ္ဘာလုံးကိုလွှမ်းပစ်မယ် ..
နှလုံးသားကတောင်ပံခတ်တတ်တယ်ဆိုတာကို လူတိုင်းသိလာအောင်လုပ်ပေးမယ် ..
အဓိကကကိုယ်တို့ရှုံးမပေးပဲပျံသန်းဖို့ပဲ .."Kyungsoo jongin ရင်ခွင်ထဲပိုမိုတိုးဝင်ကာ ရင်ခုန်သံကိုနားထောင်နေမိသည် ..
Jongin ရဲ့တောင်ပံခတ်သံကိုများကြားနိုင်လေမလားလို့ ...."မင်းရှိနေသရွေ့ ငါဘယ်တော့မှအရှုံးပေးလိမ့်မှာမဟုတ်ဘူး ..
မင်းရှိတဲ့နေရာကငါပျံသန်းမယ့်ကောင်းကင်မို့ ငါ့လက်ကိုဘယ်တော့မှမလွှတ်နဲ့နော် .. jongin ya .. ""အင်းပါ baby လက်ကို သည်တစ်သက်မပြောနဲ့ နောင်ဆယ်သက်ဆယ်ကမ္ဘာ ဘယ်တော့မှမလွှတ်ဘူး စိတ်ချ.... "
Kyungsoo လက်ကို ပိုတင်းကျပ်စွာဆုပ်ကိုင်ကာပြောလာသော Jongin ကြောင့် Kyungsoo ရင်ထဲစွမ်းအားတွေစီးဝင်လာသလိုခံစားရသည် ..
