ရှုပ်ထွေးနေသော ဆေးရုံပေါ်တွင် နာကျင်၍အော်သံများ ၊ ချစ်ရသူတွေ ခံစားနေရတာကိုကြည့်ပြီ မျက်ရည်ကျသူများ ၊ လူနာတွေအသက်ကို ကယ်တင်ရန် ကြိုးပမ်းနေကြသော ဆရာဝန်များ စသည့် မျိုးစုံသော လူများထဲတွင် ငိုယိုကာ နာမည်တစ်ခုကို အော်ခေါ်ပြီး လူအုပ်တွေကြား တိုးဝှေ့ပြီး တစ်စုံတစ်ယောက်ကိုရှာဖွေနေသော ကောင်လေးသည် မည်မျှသောကဗျာပါဒများနေသလဲဆိုလျှင် သေချာကြည့်လျှင်ဖိနပ်တောင်မပါရှာပါ ....
"Jongin ya !!!! Jongin ya.... မင်းဘယ်မှာလဲ .... "
Kyungsoo သူ jongin ကိုရှာနေတာ တော်တော်ပင်ကြာနေပြီ ..
သို့သော်လည်း ခုထိရှာမတွေ့သေး ...Jongin ya ... မင်း ငါ့ကိုကျီစားနေတာမလား ..
ဟုတ်တယ်မလား ...
မင်းငါ့ကို ကျီစားလဲငါစိတ်မဆိုးပါဘူး ..
မင်းဘာမှမဖြစ်ဘူးဆိုရင်ကို ငါကျေနပ်ပါတယ်ကွာ ..."အီး...ဟီး..... jongin ya ... "
Kyungsoo သူ့အမြင်အာရုံမှာ မျက်ရည်တွေဖုံးလွှမ်းနေတော့ရှေ့ကို ရှင်းရှင်းလင်းလင်းမမြင်ရ ..
ထို့ကြောင့် သူကပဲလူတွေကိုတိုက်သွားတာလား ..
လူတွေကပဲသူ့ကိုတိုက်သွားတာလားမသိ ..
တစ်ယောက်ပြိးတစ်ယောက်သူ့ကိုတိုက်သွားကြသည် ...တစ်ချက်တွင်တော့လူကယိုင်ထွက်ပြီးလဲကျသွားသည် .. kyungsoo ထဖို့လည်း သတိမရ ထိုအတိုင်းထိုင်လျက်နှင့်ပင် ငိုနေမိသည် ....
"Kyungsoo ya !!! Baby ... "
Jongin သူ အဝေးကတည်းကကြည့်နေတာ Kyungsoo နှင့်တူပေမယ့် kyungsoo ဟုမထင်ခဲ့ .. ထို့ပြင် လူတွေကရှုပ်နေတော့ မနည်းအားစိုက်ပြီးကြည့်ရသည် ...
နောက်မှဟုတ်လေမလားလာကြည့်မှ တကယ် kyungsoo ဖြစ်နေသည် ..."Jongin ya.... အီး...ဟီး... "
Jongin သူ့ရင်ခွင်ထဲကို ကလေးတစ်ယောက်ကဲ့သို့ တိုးဝင်ကာ ဝမ်းနည်းပက်လက်ငိုနေသော Kyungsoo ကို ဖွဖွလေးဖက်ထားကာ ပခုံးကို သောကတွေပြေလိုပြေညားပုတ်ပေးနေမိသည် ..
ကြည့်ရတာ သည်ကောင်လေး ကျွန်တော်တို့ဆောက်လုပ်ရေးမှာ အဆောက်အဦးပြိုကျသည့် သတင်းကြားကာ ထူပူပြီးလိုက်လာခဲ့သည်ထင်သည် ...
"Baby လေး ထ ထ မငိုနဲ့တော့နော် ...
လာပြီးမှဆက်ငို .. ခုကလမ်းကြီးမှာ .. "