Jongin နဲ့ kyungsoo ဘူဆန်နားက ရွာလေးသေးသေးလေးမှာ အိမ်တစ်လုံးငှါးကာ နေကြသည် ။ ခုထိ Kyungsoo အဖေက လက်မလျှော့ပဲလိုက်ရှာနေသည်လေ ...
Jongin သူဘာအလုပ်လုပ်ရမလဲစဉ်းစားနေမိသည် ..
ကျောင်းကလည်းမပြီး နောက်ပြီး Kyungsoo အဖေ၏ အန္တရာယ်ကိုလည်းကြောက်ရသေးဆိုတော့ လူသိပ်မသိနိုင်သည့်အလုပ်လုပ်မှရမည် ..."Jongin ya... မင်းအခုဘာအလုပ်လုပ်ရမလဲစဉ်းစားနေတာမလား "
o_O
"Baby ဘယ်လိုသိတာလဲ "
"မင်းမို့လို့သိတာပါ .. "
မင်းလောက်ပဲဂရုစိုက်တဲ့ငါဟာ မင်းနဲ့ပတ်သက်တဲ့အရာတွေပဲသိတာပါ ...
"အင်း ... ဘယ်အလုပ်လုပ်ရင် ပိုက်ဆံအများကြီးရမလဲလို့ပါ ... "
မင်းပိုက်ဆံရှာချင်တာငါ့အတွက်ဆို ငါဘာမှမစားပဲလည်းနေနိုင်တယ် .... မင်းပင်ပန်းတာကိုတော့မကြည့်ရက်ဘူး jongin ya....
"မလိုပါဘူး Jongin ရယ် ငါတို့အတူတူ အပင်လေးတွေစိုက်စားကြမယ်လေ ... ဘယ်လောက်ကြည်နူးဖို့ကောင်းမလဲ ... "
မဟုတ်သေးဘူး Kyungsoo ya .. ငါတို့စိတ်ကူးကမ္ဘာကနေဖောက်ထွက်ပြီး လက်တွေ့ဘဝကိုကိုယ်တိုင်ရွေးချယ်ခဲ့ပြီးပြီလေ ...
ငါတို့ကိုယ်တိုင်ရေးပုံတူကို ငါတို့ပဲလှပအောင် ဖန်တီးရတော့မှာ ..."ရပါတယ် ကိုယ်အပြင်မှာ အလုပ်တစ်ခုခု ရှာကြည့်လိုက်မယ် Baby ကိုတော့ ကိုယ် ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင် ထားနိုင်ပါတယ် .. "
Jongin အနီးအနားမှာ အလုပ်လိုက်ရှာကြည့်သည် ရွာငယ်လေးဖြစ်တော့ ဘာအလုပ်မှသိပ်မရှိ အပင်စိုက်တာလောက်ပဲရှိသည် ... အပင်စိုက်တာကလည်း ပိုက်ဆံသိပ်မရ .. ထို့ကြောင့် သူအခြားအလုပ်ပဲလိုက်ရှာမိသည် ..
"ကောင်လေး ဦးလေးလုပ်နေတဲ့အလုပ်တစ်ခုတော့ရှိတယ် မင်းလုပ်နိုင်ပါ့မလား .. "
Jongin လမ်းမှာတွေ့သည့် ဦးလေးကြီးတစ်ယောက်က သူနှင့်လုပ်မလားဆိုတော့ ဝမ်းသာအားရခေါင်းညိတ်မိသည် ..
"ဟုတ်ကဲ့ ကျွန်တော် ဘာအလုပ်ဖြစ်ဖြစ်လုပ်နိုင်ပါတယ် ဦးလေး "