Baekhyun ya ကိုယ်တကယ်တောင်းပန်ပါတယ်နော် ...
Chanyeol ကားထဲတွင်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော Baek ကိုကြည့်ကာ တောင်းပန်စကားတီးတိုးဆိုလိုက်သည် ..။
သူ့အတွက် ယခုချိန်တွင် တောင်းပန်စကားကလွဲ၍ ပြောစရာစကားမရှိတော့ပါ ...။
သူကမှားယွင်းတဲ့လမ်းကိုရွေးချယ်ခဲ့ပြီလေ ...
မှားမှန်းသိပေမယ့်လည်း သည်တစ်လမ်းပဲရှိတော့သည် ... ။Chanyeol ကားကို နာရီပေါင်းများစွာမောင်းပြီးနောက် စံအိမ်တစ်ခုတွင်ရပ်တန့်လိုက်သည် ... ။
တစ်အိမ်နှင့်တစ်အိမ် အလှမ်းဝေးစွာဆောက်ထားသော စံအိမ်များသည် နေ့လည်ခင်းတွင်တောင် အိပ်မောကျနေသယောင် တိတ်ဆိတ်နေသည် ...။
အုတ်ခဲအနီရောင် ဒီဇိုင်းမျိုးစံနှင့်အလှဆင်ထားသော အိမ်ကြီး၏ ခဲရောင်ရင့်ရင့်တံခါးသည် Chanyeol ၏ ခလုတ်တစ်ချက်နှိပ်အပြီးတွင် ပွင့်လာကာ သခင်ကို ဦးညွတ်အရိုအသေပေးနေဟန်ရှိသည် ...
Chanyeol ကားလေး စံအိမ်ထဲဝင်သွားပြီးသည့်နောက် တံခါးသည် သခင်အလိုကျ သူ့ဘာသာသူပြန်ပိတ်သွားသည် ...
Chanyeol baekhyun ကိုမနိုးအောင် အသာလေးပွေ့ချီလိုက်သည် ...
တကယ်တော့ လှုပ်နှိုးရင်တောင် Chanyeol သုံးထားသည့် ဆေးအစွမ်းများကြောင့် Baekhyun တစ်ယောက်မနိုးနိုင်ပါ ...သူတစ်ယောက်ထဲသာ ရှိနေသော စံအိမ်ထဲကို Chanyeol baekhyun ကိုချီလျက်မကြောက်မရွံဝင်သွားလိုက်သည် ...
ခဏခဏ အပန်းဖြေရန် လာနေလေ့ရှိသောကြောင့် Chanyeol တစ်ယောက်တည်းတောင် မကြောက်တတ်တော့ ...Chanyeol လှေကားများကိုအဆင့်ဆင့်ဖြတ်ပြီးနောက် အခန်းတစ်ခန်းဆီဦးတည်လိုက်သည်..
ဆင်စွယ်ရောင်ဆေးခြယ်မှုန်းထားသော လှပသေသပ်ပြီး ကြီးမားကျယ်ပြန့်သော ကုတင်ကြီးသည် မိမိပေါ်ကြီးစိုးမည့်ပိုင်ရှင်ကိုအဆင်သင့်စောင့်ကြိုလျက်ရှိနေသည်
ထိုကုတင်ကြီးပေါ်သို့ Baek ကို Chanyeol ကွဲကြေတတ်သည့်ပစ္စည်းကိုချသလိုသတိထားကာ အသာလေးချလိုက်သည် ...အားနှင့်ဖိချေလိုက်လျှင်ကြွေမွလွင့်ပြယ်သွားမည့် ပန်းပွင့်တစ်ပွင့်ကဲ့သို့ Baek ၏ပုံရိပ်သည် Chanyeol မျက်လုံးထဲ၌ နူးညံ့စွာ ပွင့်လန်းနေသည် ...။