Ep-16

3.3K 300 6
                                    

တစ်ချိန်ကရယ်မောသံများနှင့်အသက်ဝင်ခဲ့သော အိမ်ကလေးသည် ယခုအခါတွင် အလျှံညီးညီး မီးလျှံများကြား ကယ်ပါယူပါဟုအော်နေသကဲ့သို့ တဟုန်းဟုန်းနှင့်တောက်လောင်နေသည် ... ။

ချမ်းလွန်းသည်ဟုလူများငြီးရလောက်သည်အထိအေးသော ရာသီဥတုသည် မီးတောက်များကိုအကောင်းပတိဖြစ်စေရန်ပတ်ဖြန်းဖို့ မစွမ်းသာ ... ။

ထိုအိမ်လေးထဲတွင်တည်ဆောက်ခဲ့သော အမှတ်တရများကို မီးညွန့်များသည် တဖျစ်ဖျစ်နှင့်ဝါမျိုသွားသည် .. ။

ထိုအိမ်လေးထဲကကောင်လေးနှစ်ယောက်၏ ဘဝပုံရိပ်တွေကို မီးတောက်များသည်တစ်ခုမှမကျန်အောင်ဖျက်စီးပစ်လိုက်ပြီ .. ။

မလှမပစတင်ခဲ့သော အချစ်ဇာတ်လမ်းတစ်ပုဒ်သည် ကာရန်မညီစွာအဆုံးသတ်သွားသည်မှာ ထူးဆန်းအံ့ဖွယ်မဟုတ်ပါ .. ။

သို့သော် ထူးဆန်းသည်မှာ အချစ်စစ်တို့မည်သည် အဆုံးသတ်မရှိ .. ။ မနက်ဖြန်များရှိနေသရွေ့တော့ လှပစွာပုံဖော်ဖို့အခွင့်အရေးရလိမ့်ဦးမည်သာ....

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

"အား ကျွတ်!! ကျွတ် !! "

ကျွန်တော်ဘယ်ကိုရောက်နေတာလဲ !

ကျွန်တော်အခုသေသွားတာလား !!

မရင်းနှီးသော ပတ်ဝန်းကျင်အခြေအနေကြောင့် ထူးဆန်းသောအတွေးတစ်ချို့ဝင်လာသည် .. ။

Kyungsoo !!!

မနေ့က!!

Jongin ကုတင်ပေါ်ကနေသတိရရခြင်းကုန်းရုန်းပြီးထလိုက်သည် .. ။ kyungsoo အကြောင်းကိုစုံစမ်းရမည် .. ။

"အ!!!"

သို့သော် မြေကြီးကိုမထိသေးခင်မှာပင် လူတစ်ကိုယ်လုံးမြေပြင်ပေါ် အညှာအတာမရှိပစ်ကျသွားသည် .. ။

"အယ် ...မောင်ရင်လေးသတိရလာပြီလား .. "

တစ်ယောက်တည်းကို့ယို့ကားယားဖြစ်ကာ တရွတ်တိုက်ဆွဲသွားရန်ခက်နေသည့်အခြေအနေတွင် အဒေါ်ကြီးတစ်ယောက်ရောက်လာသည် .. ။

"အဒေါ်ကြီးကဘယ်သူလဲ !
ကျွန်တော်ဘယ်ကိုရောက်နေတာလဲ !"

Jongin သိချင်နေသည့်အကြောင်းအရာကိုမအောင့်အီးနိုင်စွာမေးမိသည် ... ။

နှလုံးသာတစ်စုံရဲ့ တောင်ပံခတ်သံ Where stories live. Discover now