It's my first fiction..
Please advise me if I need something.
Thanks...
HH
@@@@
Lu's povHotel တခုရဲ့ဝင်ပေါက်ရှေ့ ...
မှန်အပြည့်ချထားတဲ့ All blackကားတစီးရဲ့ နောက်ခန်းထဲမှာ ဖုန်းမှန်ကိုခပ်သွက်သွက်ပွတ်လိုက် တစုံတခုကိုပြူးပြဲကြည့်လိုက် နှုတ်ခမ်းကိုပေါက်ထွက်မတတ်ကိုက်ထားကာ တော်တော်ဒေါသထွက်နေတဲ့ကောင်လေးတယောက်ရှိလေရဲ့......
ဒါရိုက်ဘာကတော့ ထုံးစံအတိုင်း သူလေးကိုကြည့်ကာ ခေါင်းတယမ်းယမ်းပေါ့...
ဟော...ကားနောက်ခန်းထဲကို နောက်ကောင်လေးတယောက်ဝရုန်းသုန်းကားပြေးဝင်လာပြန်ပြီ...
ထို့နောက် ကားလေးသည် ငြိမ့်ခနဲ..
ဟိုတယ်ပေါက်ဝမှ လူအုပ်ကိုထိုးခွဲကာ.ထွက်ရန် တာဆူနေသည်ကို ကြည့်ခြင်းအားဖြင့် ထိုကောင်လေးနှစ်ယောက်မှာ သာမန်မဟုတ်သည်ဆိုတာ အသေအချာ....===============================
" Lu ကျောင်းမှာအဆင်ပြေရဲ့လား"
"အင်း..ပြေပါတယ် မင်းရော....''
တရွေ့ရွေ့ ရွေ့လျားစပြုနေပြီဖြစ်တဲ့ ကားရဲ့အပြင် တနည်းအားဖြင့် ပြေးလွှားကာကားနောက်ကိုလိုက်နေတဲ့မိန်းကလေးတစု ကိုသာငေးရင်း ဒေါသတွေကို မြိုသိပ်လျက် အေးစက်စက်ပြန်ဖြေမိသည်....
"ကိုယ်ကလား အဆင်ပြေပါတယ် luရယ် luလဲသိသား ကိုယ်သဘေါကျတဲ့အရာတွေနဲ့ရှိနေရင် အရမ်းပျော်တယ်ဆိုတာ"
သူ့ရဲ့စကားနဲ့တပြိုင်နက် ကျွန်တော့နှုတ်ခမ်းဖျါးတဖက်စွန်း ကော့တက်သွားတာတော့ သူမြင်နိုင်မယ်မထင်..
သူ့စကားနဲ့သူတော့လုံမည်ပော့...
ကျွန်တော်ကသာ အရမ်းသံသယများတဲ့သူဆိုတော့ ကိုယ့်အပူကိုယ်ရှာနေမိသလိုဖြစ်ရသည်...
ဒါတွေက သိပ်ချစ်လို့ဆိုတာ သူသိနိုင်ပါ့မလား..."မှန်းစမ်း ကိုယ့်PhDကျောင်းသားကြီးရော စာတွေကြိုးစားနေရှာတာပေါ့ မျက်နှာလေးတောင်နွမ်းနေတာပဲ"
ကျွန်တော့မျက်နှာကို သူ့လက်ဖဝါးနှစ်ဖက်ကြားညှပ်ရင်း ဘယ်ညာရမ်းကာ နှုတ်ခမ်းစူ၍ကြည့်နေလေတော့ စောစောကမကြည်သည့် စိတ်တွေသည် ကြည်နူးစပြုလာသည်...
YOU ARE READING
Let Him Know! >>HH
Fanfictionသိပ်ကိုအတ္တကြီးတဲ့လူလို့ထင်နိုင်ပါတယ်.... ငါ့အချစ်တွေကသူများနဲ့မတူလို့တကယ်ချစ်တာမဟုတ်ဘူးလို့ထင်နေလား...... ပေးဆပ်ခြင်းချင်းတူရင်တောင်ငါ့အချစ်ကသူများနဲ့မတူတဲ့ပေးဆပ်ခြင်း..... အသွားအပြန်ဆိုတာရှိတယ်မလား....