13....

2.8K 291 33
                                    

ကားထဲထိ သူကိုယ်​တိုင်​ ဂရုတစိုက်​ထည့်​​ပေး....ခါးပတ်​ပတ်​​ပေး....ပြီး​တော့ ကား​နောက်​ခန်းမှခြုံထည်​တခုယူကာ လည်​ပင်း​နှင့်​​ခေါင်း​လေးပဲ​ဖော်​ထား​ကာ က​လေးတ​ယောက်​သ​ဖွယ်​ ပတ်​​ပေးထားသည်​......

ကိုယ်​တိုင်​က​တော့ သူပြုသမျှငြိမ်​​နေရင်း.....ကားပြတင်းက​နေ အပြင်​ပတ်​ဝန်းကျင်​ကိုသာ တစိုက်​မတ်​မတ်​​ငေး​မောကြည့်​​နေမိသည်​....

"Lu....."

သူ့​ခေါ်သံတိုးလျလျ....ပြန်​မထူးမိ....ပြန်​မ​ဖြေချင်​မိတာဆို ပိုမှန်​မည်​....

တုန့်​ပြန်​သံ မကြားရတဲ့အခါ....သူ ကျွန်​​တော့ကိုကြည့်​၍ သက်​ပြင်းညင်းညင်း​လေးတခုချရင်း ကားစက်​နှိုးကာသာ ​မောင်းထွက်​စပြု​လေသည်​....

ကျွန်​​တော့ တိုက်​ခန်းဆီသို့ တိုက်​ရိုက်​မ​မောင်း​ဘဲ.....မာကျူရီမီး​တွေ စီတန်းလျက်​ရှိကာ ​လေတဖြူးဖြူးတိုက်​ခတ်​​နေ​သော တံတားအရှည်​ကြီး တ​လျှောက်​ ကားကိုငြိမ့်​ငြိမ့်​​လေးသာ ​မောင်း​နေသည်​.....မြစ်​တဖက်​ကမ်းမှ တိုက်​ခတ်​လာ​သော လတ်​လတ်​ဆတ်​ဆတ်​​လေတချို့ကို ရရန်​ ကားပြတင်းကိုလဲ တဝက်​မကျတကျထိ ချ​ပေးထား​သေးသည်​....

သူလုပ်​​နေတာ​တွေ အကုန်​လုံးကျွန်​​တော်​တခုမှ လိုက်​လံမတားမိ သလို.....​ကျေးဇူးတင်​စိတ်​လဲ မဖြစ်​မိ...ကျွန်​​တော်​စိတ်​ထဲ ဖြစ်​​နေသည်​က သူဘာ​ကြောင့်​ haemiနဲ့ clubတက်​ရတာလဲ...ကျွန်​​တော်​ အဲဒီမှာသာ မရှိဘူးဆို သူတို့​တွေ ဘာဖြစ်​​နေ​လောက်​ပြီလဲ.....ဒီအ​တွေး​တွေက ​မောင်းထုတ်​မရ...

ကားအရှိန်​ဖြင့်​​ကြောင့်​​ရော တိုက်​ခတ်​လာ​သော ​လေနု​အေးများ​ကြောင့်​ပါ နဖူး​ပေါ်မှာ အုပ်​​နေ​သော ဆံနွယ်​နုနု​တွေက တဖြတ်​ဖြတ်​ဖြင့်​ ယိမ်းနွဲ့​နေကြသည်​......အ​တွေး​တွေ​ကြောင့်​လား ​လေတိုက်​လို့လားမသိ မျက်​ဝန်းအိမ်​မှာ ရဲတက်​လာကာ သတိမထားမိခင်​မှာပဲ အရည်​ကြည်​​နွေး​နွေးတချို့ ပါးပြင်​တ​လျှောက်​ စမ်း​ချောင်းသဖွယ်​ ဖြတ်​သန်းစီးဆင်းလာသည်​.....

Let Him Know! >>HHWhere stories live. Discover now