"Oppa ပြန်လာသေးတယ်နော်...."
"Miyanaè Haemi ya... ကိုယ်မင်းဘက်ကို မကြည့်ပေးမိသလို ဖြစ်သွားတယ်..."
"ဘယ်တတ်နိုင်မလဲ oppaရယ်....Haemiကနောက်မှပေါ်လာတဲ့သူပဲ....သံယောဇဉ်ဆိုတာ ဖြတ်ဖို့မှမလွယ်တာ...Haemiနားလည်ပါတယ်..."
"အားနာတယ်...အဲဒီစကားထက်ပိုပြီး ကိုယ်ပြောစရာမရှိအောင်ပါပဲကွယ်..."
"အဲဒီလိုကြီးမပြောပါနဲ့လား oppaရယ်....oppaကထားသွားတော့မလို ခံစားနေရတယ်.."
"Haemiရယ်...အရူးမလေးကျနေတာပဲ"
သူ..ကျွန်မဆံပင်တွေကို ဖွကာဆိုလေတော့....မျက်စောင်းမပီသတဲ့ မျက်စောင်းလေးနဲ့ တုန့်ပြန်မိတယ်....အော် သူသိပ်ချစ်ခဲ့ရသူကို အရူးတပိုင်းစိတ်ပူခဲ့ရတာပဲ....ဆံပင်ပုံစံက မသေမသပ်ပွထနေသလို အင်္ကျီကော်လံကလဲ ခေါက်ချိုးမညီ...
သူ့ဆံပင်တွေကို သေချာလေးသပ်ပေးရင်း... ကော်လာကိုလဲ သေသေသပ်သပ်လေးဖြစ်အောင် လုပ်ပေးလိုက်တယ်...သူ့နှုတ်ခမ်းဆီ အကြည့်ရောက်သွားတော့....မိန်းကလေးတန်မဲ့ အနမ်းတခုကို အစပြုချင်လာတယ်....
"Haemiကိုယ်ပင်ပန်းနေလို့...သွားနားလိုက်ဦးမယ်.."
သွားပြန်ပြီ...ကျွန်မရဲ့အရှက်သိက္ခာ...ဒါဟာပထမဆုံးအကြိမ်မဟုတ်တော့.... ဒါနဲ့ဆို ကျွန်မအနမ်းကို သူမသိသလို ရှောင်ဖယ်သွားတာ သုံးကြိမ်ရှိပြီ....ကျွန်မကို ချစ်နိုင်အောင်ကြိုးစားမယ်ဆိုပြီး... ဘာမှမဟုတ်တဲ့ အနမ်းလေးကိုတောင် မတုန့်ပြန်ပေးနိုင်ဘူးလား oppaရယ်....
သူ...ကျွန်မဆီမှာ တွယ်ငြိနေတယ်ဆိုတဲ့အချက်က....@OnlyHun ဆိုတဲ့ accလေးတခုကြောင့်ဆိုတာ..နားလည်ပါတယ်....ဒါကြောင့် အမြဲတန်းအပြစ်ရှိသလို ခံစားနေရပေမယ့်....သူကျွန်မဘေးနားမှာ ရှိနေဖို့ဆိုရင်....ဘယ်အရာမဆို လုပ်ဖို့အဆင်သင့်ရှိနေတတ်တာ...ကျွန်မကိုယ်တွင်းမှာ ကိန်းအောင်းနေတဲ့ ဥာဏ်ဆိုးတွေ....
******************************
ကျွန်တော် ဘာဆက်လုပ်ရမလဲ.....မပြတ်သားတဲ့ ကိုယ့်ကိုယ်ကို မကျေမချမ်းဖြစ်နေမိတယ်...
သူမက သူ့အပေါ်သိပ်ကောင်းပါသည်....Luနဲ့ ပြဿနာတွေတက်တုန်းကလဲ....သူမက ဘေးကနေအားပေးဖော်ရခဲ့သည်...သူမကြောင့် စိတ်လက်ပေါ့ပါးမှုတွေရရှိခဲ့သည်...နှစ်ရှည်လများ ပေါင်းသင်းလာတဲ့ ဘော်ဒါရင်းတွေလိုခံစားရသည်... ဒါတွေအားလုံးထက် သူမကို ချစ်နိုင်အောင် ကြိုးစားပါမည်ဟု စိတ်ပိုင်းဖြတ်မိတဲ့ တခုတည်းသောအချက်က....
YOU ARE READING
Let Him Know! >>HH
Fanfictionသိပ်ကိုအတ္တကြီးတဲ့လူလို့ထင်နိုင်ပါတယ်.... ငါ့အချစ်တွေကသူများနဲ့မတူလို့တကယ်ချစ်တာမဟုတ်ဘူးလို့ထင်နေလား...... ပေးဆပ်ခြင်းချင်းတူရင်တောင်ငါ့အချစ်ကသူများနဲ့မတူတဲ့ပေးဆပ်ခြင်း..... အသွားအပြန်ဆိုတာရှိတယ်မလား....