Hun's pov,
"မင်းတို့သိပြီးကြပြီလား ငါတို့companyက girl groupအသစ်ကို debutပေးတော့မှာဆိုပဲ... နောက်နှစ်လလောက်နေရင်လို့်ပြောတယ်"
"ဟုတ်လား...အဖွဲ့နာမည်က ဘာတဲ့လဲ"
"POP5 တဲ့ hoobaeလေးတွေက ရှယ်လန်းဆိုပဲ...''
ကားပေါ်မှာ ကျွက်ကျွက်ညံနေကြတဲ့ အသံတွေ....
ဘယ်သူရှိမလဲ baek hyungနဲ့ နှစ်ယောက်မရှိတဲ့အချစ်တော် မန်နေဂျာကြီး jinwoo hyung.....
ဝင်ရောက်ဝေဖန်လေကန်နေတာ chanyeol hyungနဲ့ အမောင်leaderကြီး kim suho......
ထုံးစံအတိုင်း kyungsoo hyungက သူတို့ကိုကြည့်ပြီး မိန့်မိန့်ကြီးပြုံးလို့.....
"Hyungတို့ဗျာ မပင်ပန်းကြဘူးလား အခုမှscheduleတခုပြီးလို့နားအေးမလားမှတ်ပါတယ် ကောင်မလေးတဖွဲ့အကြောင်းလေပစ်နေတာ မသိရင်မိန်းမမမြင်ဘူးတဲ့အတိုင်း.....Fanတွေအတွက် ရင်လေးတယ်"
ကျွန်တော်ကတော့ အငယ်ဆုံးလေး....
ဒါပေမယ်လို့ပေါ့နော် ကလေးကလေးဆိုပြီး အကုန်လုံးက ဖူးဖူးမှုတ်ထား အလိုလိုက်ထားတော့ ဗိုလ်တော့ကျတယ်.....😅အဲဒာကြောင့်လားမသိ ကျွန်တော့ကိုဆို fanတွေက အချေကိုယ်တော်ဆိုပဲ....😥
တကယ်က ကျွန်တော့်လောက် သွက်လက်ပြီး aegyoတွေ အများကြီးပိုင်ဆိုင်ထားသည့် ချစ်စရာအကောင်းဆုံး maknaeမျိုး ကမ္ဘာပေါ်တွင် နှစ်ယောက်မရှိနိုင်ပါ....😌
"yrr...ငဟွန်း မင်းက ဖုန်းမဆက်တိုင်း ငါတို့ကို လာမမဲနဲ့...ပြောရသေးတယ် သူကပဲ fanတွေအတွက် ရင်လေးတယ်တဲ့.....ဟုတ်မှာ single လူပျိုနုနုထွတ်ထွတ်လေးဆိုတော့...''
"ဘာလဲ....လူပျိုလေးမဟုတ်ဘူးဆိုတော့ ကျွန်တော်က အအိုကြီးမို့လား.....singleမလုပ်နိုင်တော့တဲ့ အကြောင်းအရင်းကတော့ hyungတို့လို ဂေါ်မစွံတွေကိုရှင်းပြလဲ အာပေါက်တာပဲ အဖတ်တင်မယ်..နားလည်မယ်မထင်ပါဘူး...''
Oh sehunတို့ဝသီအတိုင်း အားရပါးရ နှိမ်ပစ်လိုက်မိပြန်သည်.....ဒီ hyungတွေ တကယ်ကိုပဲ ဝမ်းနည်းအောင် လာအစဖော်ပြန်သည်...
Xiao Luhan မင်းတကယ်ပဲ ကိုယ့်ကို ပစ်ထားရက်တယ်နော်.....လေးရက်ကြီးများတောင် ရှိနေပြီဆိုတာ...သတိရသေးရဲ့လား...
YOU ARE READING
Let Him Know! >>HH
Fanfictionသိပ်ကိုအတ္တကြီးတဲ့လူလို့ထင်နိုင်ပါတယ်.... ငါ့အချစ်တွေကသူများနဲ့မတူလို့တကယ်ချစ်တာမဟုတ်ဘူးလို့ထင်နေလား...... ပေးဆပ်ခြင်းချင်းတူရင်တောင်ငါ့အချစ်ကသူများနဲ့မတူတဲ့ပေးဆပ်ခြင်း..... အသွားအပြန်ဆိုတာရှိတယ်မလား....