ကြမ်းပြင်မှာ တင်ပျဉ်ထိုင်နေသော ကျွန်တော့အား မေးဖျားလေးမှပင့်ကာ မော့စေ၍ ရီဝေဝေစိုက်ကြည့်လာသောသူ........
ဆိုဖာပေါ်မှာ လှဲနေရင်းကပင် ခေါင်းလေးပဲထောင်လာကာ ကျွန်တော့ လည်ဂုတ်ကို နှိမ့်စေ၍ သူ့ရဲ့ ပြီးပြည့်စုံသည်ထက်ပိုသော မျက်နှာချောချောက နီးကပ်လာသည့်အခါ....
မျက်ဝန်းများကို အသာမှိတ်ချ ကိုယ့်ရင်ခုန်သံတွေကို တွက်ချက်ရင်း ခိုနားလာမည့် နှုတ်ခမ်းများကို စောင့်စားနေလိုက်သည်.....ဒုတ် တချက်...ဒုတ် နှစ်ချက်....ဒုတ်...
ဟင်....
မျှော်လင့်ထားသော အနမ်းဖွဖွက ရောက်မလာ၍ မျက်ဝန်းးများကို ဖျတ်ခနဲဖွင့်ကြည့်မည် ပြင်သော်......လမ်းတဝက်တွင်ပင် မျက်ခွံမို့မို့အစုံက နှုတ်ခမ်းလွှာများဖြင့် ဖိကပ်ခံလိုက်ရလေသည်....
ယောကျာ်းတန်မဲ့ သွယ်လျနေပေမယ့် မိန်းမလဲမဆန်သော....သွေးကြောစိမ်းလေးများ ယှက်သွယ်နေသည့် လက်နှစ်စုံ ကြားမှာ ကျွန်တော့်မျက်နှာမှာ ခပ်ငယ်ငယ်သာ....
.ပါးပြင်အနှံ့ သူ့လက်မလေးများဖြင့် ပွတ်သပ်မှုကိုခံစားရနေသလို.....
မျက်ခွံတွေဆီတဖန် မျက်တောင်ရှည်ရှည်တွေဆီ တဖန် သွယ်တန်းနေသော မျက်ခုံးများဆီ တဖန် လူးလာပျံသန်းနေသော အနမ်းဖွဖွများကို စိတ်အာရုံမှမက နှလုံးသားရဲ့ အနက်ရှိင်းဆုံးနေရာမှနေ၍ ထိတွေ့ခံစားနေရသည်....
အကျိုးဆက်ကြောင့်..... ကိုယ့်ဘာသာ အောက်နှုတ်ခမ်းသားကို အသာဖိကိုက်ထားမိသည်မှာ သူ့လက်ချောင်းများဖြင့် ပွတ်သပ်မြှုဆွယ်လာမှ သတိထားမိချေ၏.....
မှေးမှိတ်ထားသော မျက်ဝန်းအစုံဆီမှ အနမ်းများ ပြတ်တောက်သွားသည့်အခါ....
အနားရသွားသော မျက်ဝန်းအစုံကို အသာအယာဖွင့်၍ ကြည့်မိသည်......
သူ့ရဲ့ စူးရဲတဲ့ အကြည့်အစုံကို ခံနိုင်ရည်မရှိဘူးဆိုတာ Hun သိမှ သိလေရဲ့လား.......
ကျွန်တော့်မျက်ဝန်းတဆုံးထိထိုးဖောက်ကာ သူရှာဖွေနေသည်မှာ ဘယ်အရာများပါလိမ့်......အချစ်လား.....
YOU ARE READING
Let Him Know! >>HH
Fanfictionသိပ်ကိုအတ္တကြီးတဲ့လူလို့ထင်နိုင်ပါတယ်.... ငါ့အချစ်တွေကသူများနဲ့မတူလို့တကယ်ချစ်တာမဟုတ်ဘူးလို့ထင်နေလား...... ပေးဆပ်ခြင်းချင်းတူရင်တောင်ငါ့အချစ်ကသူများနဲ့မတူတဲ့ပေးဆပ်ခြင်း..... အသွားအပြန်ဆိုတာရှိတယ်မလား....