မြူးကြွကြွသံစဉ်တွေကြားမှာ....တိမ်းမောယစ်မူးစွာ ကခုန်ပျော်မြူးနေကြတဲ့.....လှုပ်ရွ လှုပ်ရွ လူအုပ်ကြီးကို အပေါ်ဆုံးထပ်ခိုးရှိ ဘားကောင်တာတခုကနေ စိတ်ပျက်လက်ပျက် ထိုင်ကြည့်ရင်း.......တောက်ခတ်သံတချက်ပြုမိသည်....
"တောက်....ဒီကောင် kim jong in ခုထက်ထိရောက်မလာသေးဘူး...."
Clubတခု....ဟုတ်သည် ကျွန်တော်သည် ဒီလိုအရာမျိုးတွေနှင့် အကျွမ်းတဝင်မရှိလှ....အဲဒါဆို clubဆိုတာမျိုးတွေကို အခုမှရောက်ဖူးခြင်းလား....ဒီလိုတော့လဲမဟုတ်.....အထက်တန်းကျောင်းသားအရွယ်တုန်းက သူငယ်ချင်းတွေ ဇွတ်အတင်းဆွဲခေါ်၍ရော..... အပေါင်းအသင်းကြောင့်ပါ သုံးလေးခါရောက်ဖူးခဲ့သည်.....
ကွဲပြားနေတာတခုက ကျွန်တော်ရောက်ဖူးခဲ့တဲ့ clubဆိုတာ....ကျောင်းသားလူငယ်လေးများသာ အသွားများသော.....ခင်မင်ရင်းနှီးသူတွေသာ အတွေ့ရများသော ရိုးရိုးစိတ်အပန်းဖြေကကြရုံ clubသေးသေးငယ်ငယ်သာ.....
ယခု.....အတွေ့အကြုံများလှပါသည်.....သူတာဝန်ယူမည်ဆိုကာ....Kim jong inဆိုသည့် အနှီလူသား ချိန်းဆိုလိုက်သည့် clubကား....ကျွန်တော်ရောက်ဖူးတဲ့ clubပေါက်စနလေးနှင့်ဆိုလျှင် ဖွဲနှင့်ဆန်ကွဲပင်ပြောရမည်......ပြောင်လက်နေသော dance floorပေါ်မှာ အဆင့်အတန်းမရှိစွာ ရှိသမျှအကုန်လှုပ်၍ ပွတ်သီးပွတ်သပ်ဖြင့်ကခုန်နေကြသော အထက်တန်းလွှာမှ သားသမီးများ......ရောင်စုံမီးဆလိုက်များကြားမှ တချက်တချက်မြင်လိုက်ရသော မြင်ကွင်းတချို့ကို....မကြည့်ရဲသူကပင် ခေါင်းအသာယမ်း၍ဖယ်ခွာပေးရပေတော့သည်....
စောင့်ရင်း....စောင့်ရင်း ဒေါသက လှည့်ပတ်နေသော နာရီလက်တံများနှင့်အပြိုင် အရှိန်ရနေပြီ...အစကတည်းက ကြည့်မရသော ဓာတ်ခံကပါလာပေရာ သကောင့်သားရောက်လျှင် ကောင်းကောင်းဆော်ပလော်တီးပစ်မည်ဟု ကြုံးဝါးထားမိသည်......

YOU ARE READING
Let Him Know! >>HH
Fanfictionသိပ်ကိုအတ္တကြီးတဲ့လူလို့ထင်နိုင်ပါတယ်.... ငါ့အချစ်တွေကသူများနဲ့မတူလို့တကယ်ချစ်တာမဟုတ်ဘူးလို့ထင်နေလား...... ပေးဆပ်ခြင်းချင်းတူရင်တောင်ငါ့အချစ်ကသူများနဲ့မတူတဲ့ပေးဆပ်ခြင်း..... အသွားအပြန်ဆိုတာရှိတယ်မလား....