10....

3K 274 31
                                    

ကျွန်တော်ဆိုတဲ့လူမျိုးက....အရာရာကို စွန့်လွှတ်ပေးဆပ်တတ်တဲ့အချစ်....အဲဒီစကားကိုဆန့်ကျင်ရှင်သန်နေသူတယောက်......

ကိုယ်ပေးသလောက် ပြန်ရရမယ်ဆိုတဲ့ နိယာမကို လက်ကိုင်ကျင့်သုံးမြဲ......

ဒါပေမယ့် ကိုယ်ပေးတာကို ဘယ်လောက်ရှိတယ်ဆိုတာ ပြောမပြချင်တဲ့အတ္တကလဲ မွေးရာပါပါလာခဲ့သူ.....

ဒါကြောင့်ပဲ သူနဲ့ကျွန်တော်ကြားမှာ မဖြေရှင်းဖြစ်ခဲ့ပဲ သူ့ဘာသာသိသွားပါစေဆိုတဲ့ ကိစ္စပေါင်းများစွာက ရည်းစားသက်တမ်းတလျှောက် မနည်းမနော.....

ဘယ်လိုလုပ်ထင်ခဲ့မလဲ....အဲဒီစိတ်ကြောင့် သူ့ကိုဆုံးရှုံးရလိမ့်မယ်လို့....

သူမသိနိုင်တဲ့ ချစ်ခြင်းတွေ.....ထုထည်ကြီးမားလှပေမယ့် သူမမြင်နိုင်အောင်တောင် မှေးမှိန်နေခဲ့တာလား.....

သူ့ကိုပြောပြချင်တယ်....မင်းအတွက် ဘယ်လောက်တောင် ပေးဆပ်ပြီးချစ်ခဲ့တာ....ဘယ်လိုတောင်ချစ်တာ....ဘယ်အချိန်တည်းကချစ်တာ.....အို....ချစ်သူရည်းစားတွေပြောနေကျ တီတီတာတာတွေစုံလို့ပေါ့......ဒါပေမယ့် စကားလုံးတွေသုံးမှ လှပမယ့်အချစ်ကို ငါမလိုချင်ဘူး....

ဒါကြောင့် Hun.....မင်းငါ့အချစ်တွေကို မြင်နိုင်အောင် တခါလောက်ကြိုးစားကြည့်ပါလားကွာ........

•••••••••••••••••••••••••••••••••••••••••••

ရွေးချယ်ချင်တာပေါ့......အချစ်ရယ်.....မင်းဟာ ငါသိပ်မြတ်နိုးရသူပဲ.........အများအမြင်မှာရော ကိုယ့်အတွက်ပါ ပြည့်စုံတဲ့ အစားထိုးစရာတွေ့တာတောင် မေ့မရနိုင်အောင် အချစ်ကိုပဲ စွဲလမ်းနေသူပဲ........မင်းရဲ့ အတ္တတွေ ကိုယ်နားမလည်နိုင်ချင်းများစွာ ပြည့်နှက်နေတဲ့ မင်းရဲ့မျက်ဝန်းတွေ......ဒါတွေဟာ ကိုယ့်ဘဝရဲ့ ခလုတ်ကသင်းဖြစ်စေတယ် အချစ်ရယ်.......တခါလောက်ကလေးပဲ မင်းစိတ်ကိုပွင့်ပွင့်လင်းလင်းလေး ဖွင့်ပြပါအချစ်ရယ်......ကိုယ်ဟာ လူကဲခတ်တော်ခဲ့သလောက် မင်းနဲ့ဆိုရင်တုံးအသွားသူမို့လို့ပါ......

•••••••••••••••••••••••••••••••••••••••••••

မနက်ဖြန်ဆေးရုံက ဆင်းရတော့မယ်.......အားပြတ်ရုံ မူးမေ့သွားလောက်ရုံပေမယ့် ပူပန်တတ်တဲ့သူ့ကြောင့် သုံးရက်တာ တက်ခဲ့ရတဲ့ဆေးရုံ......

Let Him Know! >>HHWhere stories live. Discover now