I Like To Go Round

4.6K 306 2
                                    

#Unicode
သတိရရချင်း သိလိုက်ရတာ
ကျွန်တော် ကားတစ်စီးပေါ်
ရောက်နေတယ်

တော်တော်သန်မာမယ်လို့
ယူဆလို့ရတဲ့ လူကြီးနှစ်ယောက်
တစ်ဖက်တစ်ချက်ဆီကနေ
ကျွန်တော့်ကို ချုပ်ထားကြတယ်

"ကားအရှိန်တင်စမ်းကွာ"
ဆိုတဲ့ လူတစ်ယောက်ရဲ့
အမိန့်ပေးသံကို ကြားလိုက်ရတယ်

တစ်ပြိုင်နက်တတည်း
ကားရဲ့အရှိုန်မြန်လာတာကို
ကျွန်တော်ခံစားလိုက်ရတယ်

တစ်ခုပဲ
ကျွန်တော်မမြင်ရဘူး
ဒီလူတွေကို ကျွန်တော် မမြင်နိုင်ဘူး

"သူ့လိုကောင်လက်ထဲကို
အပ်ခိုင်းတာ Boss ကို
ငါအံ့သြလို့မဆုံးဘူးကွာ"

"အေးကွာ ဒီကောင်က
တချိန်ချိန် သူ့ကို
သစ္စာဖောက်သွားနိုင်တယ်ဆိုတာ
သိရဲ့သားနဲ့"

//သူ//
ဒီလူတွေပြောနေတဲ့ သူဆိုတာ
ဘယ်သူလဲ??
သူ့ကို ဘာတွေ
အပ်ရမှာလဲ??
အဲ့ဒီ သူဆိုတဲ့လူကို
မကောင်းပြောနေရအောင်
အားလုံးက တစ်ဂိုဏ်းတည်း
မဟုတ်ကြဘူးလား???

Humm
ဒါလဲကျွန်တော့်ရဲ့
အားနည်းချက်ပဲ
ကိုယ်နဲ့မဆိုင်တာကို
အရေးတယူလုပ်ပြီး
တောင်တွေးမြောက်တွေး
တွေးနေတတ်တာပဲ
ဒါကြောင့်လဲ
ဒုက္ခတေအများကြီး
ရောက်ခဲ့ပြီးပြီ
ဒုက္ခ?
အင်း အခုလည်း ဒုက္ခရောက်နေတာပဲလေ

"ဒီတိုင်းနေတာ ကြာရင်
မင်းဒုက္ခရောက်နိုင်တယ်"

ဆိုတဲ့ Lay အမြဲတမ်းပြောတဲ့စကားကို
အလေးမထားခဲ့မိဘူး
Lay??
သူရော ကျွန်တော်နဲ့တူတူ
ကားထဲမှာ ဖမ်းခံလာရလား??

"Lay"

ဖြောင်း

"အ"

"Luhan ကို မထိနဲ့"

"Lay??"

"Luhan အဆင်ပြေရဲ့လား?..အား~~"

"Lay!!~ ခင်ဗျားတို့ Lay ကို ဘာလုပ်လိုက်တာလဲ .အားး!~"

ကျင်စက်ရဲ့အစွမ်းကြောင့်
Lay ကော Luhan ပါ အမှောင်ကမ္ဘာထဲ
ကျရောက်သွားခဲ့လေပြီ~~

🌿🌿🌿🌿🌿🌿WOODS🌿🌿🌿🌿🌿🌿
☞☞Flashbacks ☜☜

"Luhan သားရယ် အပြင်သွားရင်
အိမ်က ကားနဲ့ပဲသွားပါ
ဖြစ်နိုင်ရင် မင်းကို
အပြင်မထွက်စေချင်ဘူး
Appa မင်းကို စိတ်မချဘူး"

WOODS [Completed]Donde viven las historias. Descúbrelo ahora