#Unicode
လူ့ဘဝကြီးမှာဘုရားသခင်ရဲ့အလိုတော်ကြောင့်ပဲဖြစ်ဖြစ်
ရှေးဘဝရေစက်ကြောင့်ပဲဖြစ်ဖြစ်
ကံကြမ္မာရဲ့ တွန်းပို့မှုကြောင့်ဖြစ်ဖြစ် ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ကြရတယ် ~အချိန်အတိုင်းအတာလေးတစ်ခုမှာ ပျော်ရွှင်ခဲ့ကြရသလို ဝမ်းနည်းပူဆွေးရတာတွေလည်း ရှိခဲ့တယ်~
အဲ့ဒီအချိန်တွေ ကုန်ဆုံးသွားချိန် တစ်နည်းအားဖြင့် ဆုံဆည်းခွင့်ရေစက်လေးတွေ ခမ်းခြောက်သွားချိန်မှာ~
ကျွန်တော်တိုတွေ မလွဲမသွေ ခွဲခွာရလိမ့်မယ်~
ဘယ်လောက်ပဲ သံယောဇဉ်ရှိနေပါစေ~ ငြင်းဆန်လို့ မရနိုင်ပါဘူး~
ကံကြမ္မာဟာ လူကဖန်ဆင်းသည်ဟု ပြောသော်ငြား
ဖန်ဆင်းချိန်ပင် မရလိုက်သည့် အခါမျိုးနဲ့လည်း ကြုံတတ်သည်~ဥပမာ ယခုကဲ့သို့ အဖြစ်မျိုး ~
Gingun အုပ်စုရဲ့ နေရာလေးဟာ အခုချိန်မှာ ရစရာ မရှိလောက်အောင်ပင် အနှောင့်အယှက်တို့ရဲ့ ဖျက်စီးခြင်းကို ခံလိုက်ရလေပြီ~
မီးခိုးငွေ့တို့ တလူလူနှင့် အချို့ဆိုလျှင် မီးတောက်ပင် အရှိန်မသေသေးချေ~
တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့ ရွာလေးရဲ့ အလယ်မှာ ကျွန်တော်ဟာ တစ်ယောက်တည်း အထီးကျန် ခြောက်ခြားစွာ သွေးပျက်ပျက် ရပ်လို့နေခဲ့တယ်~
မြင်ကွင်းထဲမှာ ပေါ်လာတဲ့ အဖြစ်အပျက်ကြောင့် တားဆီးမရတဲ့ မျက်ရည်များဟာ အလျှိုလျှို လိမ့်ဆင်းကျလာလေသည်~
"အဘိုး~~!!! Baekhyun ~!!"
"အဘိုး ကျွန်တော်ခေါ်နေတာ ပြန်ထူးပါဦး အဘိုးရဲ့
အဘိုး ~ဟင့်အင်း ကျွန်တော့်ကို မထားခဲ့ပါနဲ့အဘိုးရယ် ~""Chan~ Chanyeol ah~"
ဟင်!
"Baek Baek ah ~ ဘယ်လိုဖြစ်ရတာလဲကွာ ငါထွက်သွားတဲ့ ခဏလေးမှာ ဘာတွေဖြစ်ကုန်တာလဲ "
"အာ့ ငါ ငါ သေတော့မယ်ထင်တယ် Chanyeol ah ~ "
"အာ ဘာလို့ သေရမှာလဲ ငါမင်းကို မရ ရအောင် ကယ်မှာ မင်းမသေရဘူး မင်းမရှိရင် ငါဘယ်လိုလုပ်ပြီး ပျော်မှာလဲကွ~ခဏပဲတောင့်ထားပါ Baek ah ~ငါမင်း ဒဏ်ရာတွေကို ကုပေးမယ်နော် Baek နော်~"

ESTÁS LEYENDO
WOODS [Completed]
Fiksi PenggemarHunhan [yaoi] Luhan,who's a son of a rich,is a blind. Lay,who's a bodyguard of Luhan,is also his best friend. Sehun,who's bad boy ,is working for a gangster