#Unicode
"Appa Appa "မြက်ခင်းပြင်ဆီမှ မိမိဆီသို့ ပျော်ရွှင်စွာ ပြေးလာနေသော သားငယ်လေးဟာ သိပ်ကို ချစ်ဖို့ ကောင်းနေလေရဲ့~
"Appa~..."
သေးငယ်လှသော အသံလေးနှင့် ခေါ်နေသည်မှာ ဖခင်ဖြစ်သူ သူ့အတွက်တော့ နားဝင်ချိုလှသည်~
"အာ့... Appa~"
ရုတ်တရက် သားငယ်လေး ချော်လဲ သွားပြီး သူ့ကို လာထူပေး၇န် ခေါ်နေလေရဲ့
စိုးရိမ်ကြီးစွာဖြင့် သားငယ်လေးဆီ သွားမယ်အကြံ ခြေထောက်အစုံမှာ မည်သို့မျှပင် လုပ်၍မရ ~
"Appa~ဟင့် Appa~"
သားငယ်လေးဆီရောက်၇န် အပြင်းအထန်ကြိုးစားသော်လည်းမရ
"Appa~~~!!!!!!"
"Sehunnie ~!!!!"
သားငယ်လေးနဲ့ သူ၏ဖခင်တို့ဟာ တဖြည်းဖြည်း ဝေးသထက်ဝေး၍လာသည် ~
"Apps သားကို လာခေါ်ပါဦး~~ဟင့် "
"သားလေး~!!!"
"Appa~~"
သားငယ်လေးဟာ မြင်ကွင်းကနေ တဖြည်းဖြည်း ပျောက်ကွယ်၍သွားလေးသည် ~
"သားးးးး~~"
ချွေးသံတရဲရဲဖြင့် Mr. Oh နိုးလာခဲ့သည် ~
ဘယ်လောက်တောင် ကြောက်မက်ဖို့ကောင်းတဲ့ အိပ်မက်ပါလိမ့်~
အိပ်မက်ထဲမှာသာ တခါတလေ တွေ့ခွင့်ရသည် ဖြစ်သော သားငယ်ကို ခုလို တခါမှ ဆိုးရွားစွာ မမြင်မက်ဖူးချေ~
ဟူး~အိပ်မက်ဖြစ်နေ၍ ကျေးဇူးတင်၇မည်
တကယ်သာဆိုလျှင် Mr. Oh ရင်ကျိုးရမှာ ~
ဝေးကွာခဲ့တာကြာပြီဖြစ်သော်လည်း မိမိ၏သားနှစ်ယောက်ပျောက်ဆုံးသွားသည်မှာ မနေ့တနေ့ကလိုပင် ~
"အဆင်မှ ပြေကြရဲ့လား သားတို့ရယ် "
Mr. Oh တီးတိုးစွာ ရေရွတ်လိုက်သည်
"Mr. Oh "
ရုတ်တရက် Mr. Xiao ရောက်လာလေသည်
"Mr. Oh ကျွန်တော်တို့ ဘယ်အချိန် ခရီးပြန်ဆက်ကြမလဲ ဒီနေရာမှာ စခန်းချတာ တစ်ရက်ခွဲရှိပြီ "
ESTÁS LEYENDO
WOODS [Completed]
FanfictionHunhan [yaoi] Luhan,who's a son of a rich,is a blind. Lay,who's a bodyguard of Luhan,is also his best friend. Sehun,who's bad boy ,is working for a gangster