#Unicode
သူ့အတွေးတွေဟာ လေဟာနယ်မှာ လွင့်ပျံနေမယ်ဆိုတာ အဝေးကို ငေးကြည့်နေတဲ့ သူ့မျက်ဝန်းလေးတွေက သက်သေပြနေတယ်~ပေါ့ပါး လတ်ဆတ်သော လေပြေလေးရဲ့ တိုက်ခတ်မှုကြောင့် သူ့ ရဲ့ဆံနွယ်လေးတွေဟာ ယိမ်းနွဲ့နေတယ်~
ဘယ်လောက်တောင် ကဗျာဆန်လိုက်တဲ့ မြင်ကွင်းလေးလဲ~
ချစ်ရသူက ရုတ်တရက် သက်ပြင်းတစ်ခု ချပြန်တယ်~
ဪ ဘာတွေများ စိတ်အနှောင့်အယှက် ဖြစ်နေပါလိမ့်~
ဖြစ်နိုင်ရင် ဒါတွေ သိပ်ပြီး ခေါင်းထဲ မထည့်ပါနဲ့လား ~
မင်းနေကောင်းသေးတာမှ မဟုတ်တာ~
"Sehun ah~"
တည်ငြိမ်လွန်းတဲ့ မျက်ဝန်းတွေနဲ့ သူလှည့်ကြည့်တော့
"ရော့ ဆေးသောက်လိုက်ဦး Suho Hyung က လာပေးခိုင်းလို့ "
"အာ Mian ပြန်လာဖို့ မေ့သွားတယ် "
"ရပါတယ် ခုမင်းကို တွေ့ပြီပဲ ဆေးသောက်လိုက်ဦး"
"အား ခါးလိုက်တာ !"
ဆေးရည် အနည်းငယ်ကို သောက်မိစဉ် ထွက်ပေါ်လာသော သူ့ရဲ့ အာမေဍိတ်သံ~
"အာ မေ့သွားလို့ ဆေးက အရမ်းခါးတယ်လို့ Suho Hyung က ပြောလိုက်တယ်"
လှပသော သူ့မျက်နှာဟာ ရှုံ့မဲ့လျက်~
"ဒီလောက်ခါးနေတာ ဘယ်လိုဆက်ပြီး သောက်ရမှာလဲ"
"အဲ မသောက်လို့တော့ မရဘူးနော် မင်းနေကောင်းသေးတာမဟုတ်ဘူး စောစောကတောင် သောက်နိုင်သေးတာ အားတင်းပြီး သောက်လိုက်ပါကွာ နော်"
"ဟင့်အင်း မသောက်ချင်ဘူး "
"သောက်မှ နေကောင်းမှာပေါ့ Sehun ah "
"ဒီလောက်ခါးနေတာ မင်းသောက်ပါလား သူမသောက်ရတိုင်း"
မိမိရှေ့မှ ကောင်လေးဟာ Sehun မှ ဟုတ်ပါရဲ့လား ¿
ကလေးလေး တစ်ယောက်လို ဆေးမသောက်ချင်၍ ဆူပုပ်နေရှာ ~
ချစ်စရာ ကောင်းလိုက်တာ~"Sehun ah ~"
"Arni လုံးဝ မသောက်ဘူး"
ကြည့်စမ်းပါဦး မျက်စိစုံမှိတ်ပြီး ငြင်းနေလိုက်တာ ခ်ခ်
ESTÁS LEYENDO
WOODS [Completed]
أدب الهواةHunhan [yaoi] Luhan,who's a son of a rich,is a blind. Lay,who's a bodyguard of Luhan,is also his best friend. Sehun,who's bad boy ,is working for a gangster