Bambi Eyes

1.4K 168 1
                                    

#Unicode
တောက်ပတဲ့ နေရောင်ဟာ အုံ့မှိုင်းလှတဲ့ သစ်ပင်တွေကို အလျှိုလျှို ဖောက်ထွင်းအလင်းပေးလို့နေတယ်~

ကျွန်တော်သူ့ကို လိုက်ရှာနေတာ~

သမင်လေးတစ်ကောင်~

သူ့ရဲ့မျက်ဝန်းလေးတွေ သိပ်ကိုလှတယ်~

ဟော တွေ့ပါပြီ ဟိုး~~နေရောင်အောက်မှာ ကျွန်တော့်ရဲ့ သမင်လေး~

သူကျွန်တော့်ကို တောက်ပတဲ့ မျက်ဝန်းတွေနဲ့ကြည့်နေတယ်~

ရုတ်တရက် ကျရောက်လာတဲ့နေရောင်က သူ့ကို မြင်နိုင်ဖို့ တားဆီးထားတယ်~

ဟင်!

သူ သူ ဘယ်ရောက်သွားတာလဲ! 

Sehun ah~

ခေါ်သံ~

အသံလာရာ လှည့်ကြည့်မိတော့ သိပ်လှတဲ့ မျက်ဝန်းတွေ ~

သူ့ရဲ့ မျက်ဝန်းတွေ သိပ်ကို ရင်းနှီးတယ်~

သေချာတယ် စောစောက သမင်လေး~

ဒါဆို သမင်လူသားလေးလား သူက~

Sehun ah~

ဟော သူကျွန်တော့်နာမည်ကို ခေါ်နေပြန်ပြီ~

သူ့ရဲ့လက်လေးကို ကျွန်တော့်ဆီ ကမ်းပေးနေတယ်~

ကျွန်တော့်ရဲ့လက်တွေ သူ့ဆီအလှမ်းမှာ~

ဟင့်အင်း မသွားပါနဲ့!

ပြန်လာခဲ့ပါ ~

သမင်လေး~!

"Sehun! "

စူးရှလိုက်တဲ့ အလင်းရောင်~ကျွန်တော့်မျက်လုံးတွေ ချက်ချင်း ပြန်မှိတ်ထားလိုက်ရတယ်~

"Sehun Sehun!"

မျက်လုံးတွေ ဖြည်းဖြည်းချင်း ပြန်ဖွင့်ကြည့်တယ်~

မြင်ရတယ်ဆိုပေမဲ့ သိပ်ကို ဝေဝါးတယ်~

"Sehun!  တစ်ခုခုပြောပါဦး"

ကျွန်တော့်ကို စိုးရမ်တကြီးမေးနေတဲ့သူ~

အသံကြားရုံနဲ့ Luhan ဆိုတာ ကျွန်တော်သိပါတယ်~

သူတစ်ယောက်တည်းလား?  Suho Hyung တို့ကော ဘာလို့ကျွန်တော့်အနားမှာ မရှိတာလဲ?

WOODS [Completed]Donde viven las historias. Descúbrelo ahora