Boy , in my dream

1.3K 175 15
                                    

#Unicode
နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ သူ့ဘေးမှာ အသာလေးထိုင်ကာ သူနိုးအလာကို ကျွန်တော်စောင့်နေမိတယ်~

သူ့ မျက်လုံး သူ့ မျက်ခုံး သူ့နှာတံလေး သူ့နှုတ်ခမ်းလေးတွေ ~

ကျွန်တော့်အတွက်တော့ အင်မတန်မှ ကဗျာဆန် တန်ဖိုးရှိလှတယ် ~

ချစ်ရသူရဲ့ ဆံနွယ်လေးကို ထိတွေ့မိချိန်မှာ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူသားတစ်ယောက်ပါပဲ~

ရုတ်တရက် ~

"ဟင့်အင်း မသွားပါနဲ့ ပြန်လာခဲ့ပါ ~
ကျေးဇူးပြုပြီး ပြန်လာခဲ့ပါ ~ "

အလိုလေး ~

ထူးဆန်းစွာနဲ့ ထွက်ပေါ်လာတဲ့ သူ့နှုတ်ထွက်စကားတွေဟာ အိပ်မက်ယောင်နေသည်မှန်း ကျွန်တော် သိသော်လည်း စိတ်မအေးနိုင်ပါ~

သူ ~

ဘယ်သူ့ကိုများ ဤသို့ တားဆီးနေပါသနည်း~

ထိုသူကရော ဘယ်သူဖြစ်လိမ့်မည်နည်း~

သူနဲ့ကော အဘယ်သို့ ပတ်သတ်နေလိမ့်မည်နည်း~

မေးခွန်းပေါင်း များစွာနဲ့ အတွေးလွန်နေချိန် သူနိုးထလာခဲ့တယ်~

"သမင်လေး~"

ကျွန်တော့်ကို ကြည့်ကာ သူခေါ်နေသည်~

ကျွန်တော်ရဲ့ ပါးပြင်ပေါ်ကျရောက်လာတဲ့ သူ့ရဲ့ လက်ဖဝါးနုနုလေတွေ ~

ကျွန်တော် အိပ်မက် မက်နေတာပဲလား?

"Se Sehun ah အင့်"

ချက်ချင်းဆိုသလို ကျွန်တော်သူ့ရဲ့ ရင်ခွင်ကျယ်ကြီးထဲကို ရောက်ခဲ့ရပြီ~

"မသွားပါနဲ့ ထပ်ပြီး ထားမသွားပါနဲ့ ကျေးဇူးပြုပြီး အနားမှာပဲနေပေးပါ "

မယုံနိုင်လောက်အောင် အံ့ဩမိသည်~

ခုဖြစ်ပျက်နေတာတွေဟာ တကယ်မှ ဟုတ်ရဲ့လား~

အိပ်မက်ဆိုရင်တောင် နိုးထဖို့ ခဲယဉ်းသွားပြီ~

အမြဲတမ်းပဲ အိပ်နေချင်မိတော့တယ်~

သူကျွန်တော့်ကို လက်ခံလာတာလား?

သူကျွန်တော့်ကို ကြည်ဖြူလာတာလား?

WOODS [Completed]Donde viven las historias. Descúbrelo ahora