#Unicode
Sehun ~ဖြူဖတ်ဖြူရော်နဲ့ ကုတင်ပေါ်မှာ
မလှုပ်မယှက် လဲလျောင်းနေတဲ့
ကျွန်တော့်ရှေ့က ကောင်လေးကSehun လား?
ကျွန်တော်ဝန်ခံပါတယ်~
ဆေးဝတ်ဖြည်ပြီး
ပထမဦးဆုံး မြင်ချင်မိတာ
သူပါ~~ဘုရားသခင်က ပေးတဲ့
ဒုတိယ အခွင့်အရေးလေးနဲ့
မျက်လုံးတွေ ပြန်မြင်ခွင့်
ရချိန်မှာ သူ့မျက်နှာလေးကို
ကြည့်ပြီး ကိုင်တွယ်ချင်မိတာ~လူဆိုး ဆိုတဲ့ အမည်
မခံထိုက်လောက်အောင်
သူ့ရဲ့ ရုပ်ရည်ဟာ
ချောမောလွန်းလှတယ်~တိုက်ခိုက်သူ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့
မလိုက်အောင်
သူ့ရဲ့ အသားအရေဟာ
နူးညံ့ လှတယ်အရောင်တင်ထားခြင်း မရှိပါဘဲ
နီကြောင်ကြောင်ဖြစ်နေတဲ့
သူ့ရဲ့ ဆံပင်လေးတွေဟာ
တမျိုးလေး ဆွဲဆောင်မှုရှိတယ်~မှိတ်လို့ ထားတဲ့ မျက်ခွံအောက်က
သူ့ရဲ့ မျက်လုံးလေးတွေဟာ
စူးရှနေလိမ့်မယ်ဆိုတာ
အလိုလို ခံစားမိနေတယ်~ဖြောင်းစင်းတဲ့ နှာတံ
သွယ်သွယ်လေးဟာ
လေကို ဖြည်းညှင်းစွာ
ရှူရှိုက်နေလေရဲ့ပန်းနုရောင်နှုတ်ခမ်းပါးလေး...
ပိရိစွာ တင်းတင်းစေ့ထားပုံမှာ
သိပ်ကို ယောကျ်ားပီသတယ်...တောင့်ဖြောင့်တဲ့ ခန္ဓာကိုယ်ပိုင်ရှင်...
သူလဲလျောင်းမေ့မြောနေတာ
တော်ဝင်မင်းသားတစ်ပါး
အိပ်မောကျနေသည့်အလား~တည်ငြိမ်တယ်~
ရှုပ်ထွေးမှုကင်းတယ်~
မျက်လုံးတွေ ပြန်မြင်ခွင့်၇တာ
ဘာမှအကျိုးမရှိဘူးဆိုရင်တောင်
သူ့ကို မြင်ခွင့်ရလို့
ကျွန်တော်ကျေနပ်တယ်~"Luhan"
"Suho Hyung"
"ဒါ Sehun ကို
တိုက်၇မဲ့ ဆေးရည်ပဲ
ခဏနေဦး တိုက်လို့
အဆင်ပြေအောင်
ဆေးပိုက်သွားယူလိုက်ဦးမယ်""Nae Hyung "
Suho Hyung ထွက်သွားတာ
သိပ်မကြာသေးခင်လေးမှာ~"အာ့"
ကျွန်တော့် ကမ္ဘာကြီး
အမှောင်ကျသွားခဲ့တယ်~
![](https://img.wattpad.com/cover/85805109-288-k676747.jpg)
ESTÁS LEYENDO
WOODS [Completed]
FanfictionHunhan [yaoi] Luhan,who's a son of a rich,is a blind. Lay,who's a bodyguard of Luhan,is also his best friend. Sehun,who's bad boy ,is working for a gangster