Sweet Answer

1.1K 154 2
                                    

#Unicode
"ဖြေလေ Luhan ငါ့ကို ဘာလို့ ချစ်တာလဲ? "

ကျွန်တော် သူ့မျက်လုံးတွေကို တည့်တည့်ကြည့်လိုက်တယ်.

"ငါမင်းကို ချစ်တာ ဘာအကြောင်းပြချက်မှ မရှိဘူး Sehun... ငါ့အချစ်က ချစ်တယ်ဆိုတာပဲ... ငါမင်းကို ချစ်တယ်... မင်းဖြစ်နေလို့ ငါချစ်တယ်... ဒါပါပဲ.. "

"ငါက မင်း မချစ်သင့်တဲ့ လူစားမျိုးပါ Luhan "

"ဒါပေမဲ့ ငါချစ်မိသွားခဲ့ပြီလေ...  အဲ့အချစ်တွေက ရပ်တန်းလို့ရမှာမဟုတ်သလို ဘာနဲ့မှလည်း တားဆီးလို့ ရမှာမဟုတ်ဘူး... "

ကျွန်တော့်ဘက်ကများ နည်းနည်းလွန်သွားလားမသိဘူး Luhan တိတ်ဆိတ်သွားပြီး ဘာစကားမှ မပြောတော့...

လွန်သွားရင်လည်း မတတ်နိုင်ဘူး... သူဝမ်းနည်းသွားရင် စိတ်တော့မကောင်းပါဘူး... ကျွန်တော်ပြောတာလည်း မှားမယ်မထင်ဘူး... ကျွန်တော်က တကယ်ကို သူမချစ်သင့်တဲ့လူမျိုးပါ...

ကျွန်တော်က သူ့ဘဝကို ပျော်ရွှင်စေနိုင်မယ့်လူမျိုး မဟုတ်ဘူး...ကျွန်တော့်ရဲ့ ဒုက္ခတွေ အပူတွေ သူ့ဆီကိုပါ ကူးစက်သွားမှာ...

မင်းကောင်းဖို့အတွက်ပါ Luhan ရယ်...

"မင်း မိဘတွေကို သတိမရဘူးလား Luhan?"

ကျွန်တော့်မေးခွန်းကို သက်ပြင်းချသံတစ်ခုနဲ့သာ သူတုံ့ပြန်တယ်...အင်း သတိမရပဲတော့ ဘယ်နေပါ့မလဲ... သူဝမ်းနည်းသွားလို့လားမသိဘူး... သူမျက်နှာလေး သိသိသာသာ ညှိုးကျသွားတယ်...

တကယ်တော့ မင်းကို မျက်နှာတစ်ချက်လေးတောင် မညှိုးစေချင်ပါဘူး Luhan ရယ်...

မင်း စိတ်ဆင်းရဲနေရတာ ငါမကြိုက်ဘူး Luhan...

"ပြန်ရောက်စေရပါမယ် ကတိပေးတယ်..."

"ငါ့ကို ပြန်ပို့ပေးပြီးရင် ငါတို့ မတွေ့၇တော့ဘူးလားဟင် Sehun...?"

စိုးရိမ်စွာနဲ့ မေးလိုက်တဲ့ သူမေးခွန်းကြောင့် ကျွန်တော့်ရင်ဘက်တစ်နေရာက ဆစ်ကနဲပဲ...

ရင်ဘက်ကြီးတစ်ခုလုံးကလည်း ပူလောင်သွားတယ်...

သူပြောသလို ကျွန်တော်တို့ မတွေ့နိုင်တော့ဘူးလား...

WOODS [Completed]Donde viven las historias. Descúbrelo ahora