Woods[Final]

2.4K 214 8
                                    

#Unicode
တိတ်ဆိတ်ငြိမ်သက်လှသော အခန်းလေးထဲမှာ နှလုံးခုန်စက်လေးဟာ သူ့အလုပ်ကိုသူလုပ်နေလေရဲ့

ချိတ်ဆွဲထားသော drip ကနေ သွေးစက်လေးတွေဟာ တစ်စက်ချင်း ဖြည်းညှင်းစွာ ကျလို့ နေတယ်...

ကုတင်ဘေးမှ သွယ်တန်းလာတဲ့ Oxygen ပိုက်ဟာ ကုတင်ထက်တွင် လဲလျောင်းနေသူ၏  နှာခေါင်းဝမှာ အဆုံးသတ်လို့သွားတယ်...

ထိုသို့ အသက်ကယ် ကိရိယာတွေတပ်ဆင်ထားသော်ငြား ကုတင်ထက်က လူနာဟာ သက်မဲ့အလား ငြိမ်သက်နေခဲ့တာ.

ခုဆို... ၃ လ ပြည့်ခဲ့ပြီ...

Hun ရေ...

မင်းနေနိုင်ရက်တယ်နော်..

မင်းကို စိတ်ဒုက္ခပေးခဲ့တာတွေ အတွက်များ ငါ့ကို ကလဲ့စားပြန်ချေနေတာလား...

ဒါဆိုရင်လဲ ဒီနည်းနဲ့တော့ မနှိပ်စက်ပါနဲ့ Hun ရယ်...

ကျေးဇူးပြုပြီး... နိုးထလှည့်ပါတော့...

မင်းကိုအားလုံးစောင့်နေကြတယ်...

ငါ့အတွက်မဟုတ်ရင်တောင် မင်းရဲ့ မိသားစုအတွက် နိုးထလာပေးပါကွာ...

Hun ရေ.. တကယ်တော့ ငါတို့ကို ကယ်ခဲ့တဲ့ အဖွဲ့ဟာ ငါ့ကို လိုက်ရှာနေခဲ့ကြတာပါ...

ငါ့အတွက်လည်း ကံကောင်းခြင်းဖြစ်သလို မင်းအတွက်လည်း ဝမ်းသာစရာဖြစ်ခဲ့တယ် Hun ah...

အဲ့အဖွဲ့ထဲက Mr.Oh က မင်းရဲ့ အဖေအရင်းပဲ...

မင်းနဲ့ Suho Hyung ဟာ ပျောက်ဆုံးသွားတဲ့ သူ့ရဲ့ သားနှစ်ယောက်ပဲ...

ဒါပေမယ့် ကံမကောင်းစွာနဲ့ မင်းက အခုချိန်ထိ နိုးမလာခဲ့ဘူး...

မင်း သိပ်ရက်စက်တာပဲ Hun ရာ...

"သား..."

"Appa~ "

"သား... နားပါဦး... သားရဲ့ မျက်နှာလေး အရမ်းကို ချောင်ကျနေပြီ..."

"မဖြစ်ဘူး Appa ~ Hun နိုးလာရင် ကျွန်တော် ရှိနေမှဖြစ်မှာ ကျွန်တော် မနားချင်ဘူး... ကျွန်တော် အဆင်ပြေပါတယ် ..."

တောင်းပန်ပါတယ် Appa ရယ်...  အခုချိန်မှာ Appa စကားကို ကျွန်တော် နာခံနိုင်မယ် မထင်ဘူး...

WOODS [Completed]Donde viven las historias. Descúbrelo ahora