Part 1

115K 4.4K 320
                                    

Unicode

မန္တလေး မြို့၏ နေခြစ်ခြစ်တောက်ပူသော နေ့လည်ခင်း... စိတ်ရောဂါ အထူးကု ဆေးရုံကြီး ဟူသော ဆိုင်းပုဒ်အောက်တွင် ဂျူတီကုတ်အဖြူနှင့် ဆေးကျောင်းသူများ ပြားပန်းခတ်လှုပ်ရှားနေသည်။

အရိပ်ကောင်းကောင်းရသော သစ်ပင်ခြေရင်းတွင်တော့ ကျောင်းသားနှစ်ယောက်နှင့် ကျောင်းသူ တစ်ယောက်ထိုင်နေပြီး နေ့လည် Bed Side စာမေးပွဲအတွက် ပြင်ဆင်နေသည်။

"ဟဲ့.. စာကို စိတ်ဝင်စားလေ.. ကျီးကန်းတောင်းမှောက် ဘာရှာနေတာလဲ" နှင်းရီ စကားကြောင့် ထက်သူ မျက်ရည်ဝဲနေသော မျက်လုံးများနှင့် နှင်းရီ ကို ကြည့်လိုက်သည်။

"ငါတော့ ကျတော့မယ် ထင်တယ် နှင်းရီ.. " ပြောရင်း ထက်သူ က ခုပဲငိုချလိုက်တော့ မလိုလို ဖြစ်လာသည်။

"ဟဲ့.. ရူးနေလား.. ငါတို့ အုပ်စုထဲ နင်စာအရဆုံးဟာကို။ နင်မှ ကျမယ်ဆိုရင် ငါတို့တော့ Round ထိတော့မှာ.." နှင်းရီ၏ စကားကို အတူစာကျက်နေသူအားလုံးက ခေါင်းတငြိမ့်ငြိမ့်ဖြင့်ထောက်ခံနေသည်။ ဒီအခြေအနေက ထက်သူ၏ စိတ်အခြေအနေကို ပိုဆိုးသွားစေသည်။

"ငါလည်း အဲဒါကို မကျေနပ်တာ.. ငါစာတွေ အကုန်ရရဲ့သားနဲ့ ငါကျမှာကို ခံပြင်းတာ.." ပြောရင်း လက်ခုံဖြင့် မျက်ရည်များကို ကောက်သုတ်နေသော ထက်သူကို သူတို့ တစ်ဖွဲ့လုံး ကြောင်တောင်တောင် ငေးကြည့်နေမိသည်။

ထက်သူက သူတို့ အဖွဲ့တွင်းတွင်သာ မဟုတ်။ သူတို့ အတန်းတစ်ခုလုံးတွင် Roll 1 to 10 ဝင်နေကျ။ တစ်နေ့စာ တစ်နေ့ ဖတ်ရုံတင်မက နောက်နေ့သင်မည့်စာကိုပါ ကြိုဖတ်တတ်သည့် လူမျိုး။ စာလည်းတော်သလို မျက်နှာလုံးလုံးနှင့် ချစ်ဖို့ကောင်းသော အသွင်အပြင်လည်း ရှိသည့် သူတို့နှစ်၏ Prince ဘွဲ့ရ မင်းသားလေး ဖြစ်သည်။

စာလည်းတော် ရုပ်လည်းချောသဖြင့် ချေ သလားဆိုတော့.. မချေသည့်အပြင် ထက်သူသည် အူကြောင်ကြောင်နိုင်သော အတွေးအခေါ်များကို အမြဲတွေးတတ်သူဖြစ်သည်။

ဥပမာအားဖြင့် ကြောင်အနက်ကို မြင်လျှင် နမိတ်မကောင်းဟု ယူဆပြီး ကြောင်အနက်မြင်သည်နှင့် မျက်လုံးမှိတ်ပြီး လမ်းလျှောက်တတ်တာမျိုး... ဇရက် တစ်ကောင်တည်းတွေ့လျှင် ဝမ်းနည်းရတတ်သည် (One For Sorrow, Two For Joy ) ဘာညာ ဟူသော ကဗျာကို အလွတ်ကျက်ထားပြီး သူဇရက်တစ်ကောင်မြင်သည်နှင့် သူ့ဘေးနားမှာ ရှိသောသူအားလုံးကို ထိုဇရက်ကို အတင်းကြည့်ခိုင်းတာမျိုး... သူတစ်ယောက်တည်းရှိနေချိန်တွင် ဇရက်တစ်ကောင်တည်း ကိုတွေ့ပါက နောက်ဇရက် တစ်ကောင်ကို အနီးအနားမှာ အတင်းကာရော လိုက်ရှာတာမျိုး.. နောက်ဇရက်တစ်ကောင်မတွေလျှင် သူ့ဟာသူ မျက်စိမှိတ် ခေါင်းသုံးလေးချက် ခါပစ်ပြီး ထိုဇရက်ကိုပင် လက်ညှှိုးထိ ုးကာ" ဒီမှ ာ နောက်တစ်ကောင်ပဲ။ အရင် အကောင်က ပျံသွားတာနေမှာ" ဟုပြောရင်း စိတ်ဖြေတတ်သူမျိုး... စာမေးပွဲနားနီးလျှင် "ကျ" ဟူသောစကားကို ကြားသည်နှင့် ဖီ ဖတ် ဖတ် ဟုအသံစုံထွက်ကာ အကျႌရင်ဘတ်ထဲသို့ တံတွေးထွေးထည့်တတ်သူမျိုး... စာအုပ်ပြုတ်ကျ လျှင်ပင် "ကျ" ဟု မသုံးပဲ စာအုပ်ကြမ်းပြင်ပေါ်ရောက်သွားပြီဟု ပြောတတ်သူမျိုး.....

သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ  (သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ)Where stories live. Discover now