Unicode
လင်းမြတ်သစ် ကားမီးလေး မြင်ကွင်းမှ ပျောက်အသွား ထက်သူအိမ်ထဲဝင်ရန် အလှည့်တွင် စူးရှသော ကားမီးရောင် ထိုးလိုက်သောကြောင့် ထက်သူ မျက်လုံးကို လက်ဖြင့်ကာပစ်လိုက်ရသည်။ သူ့ရှေ့ကို ကားထိုးရပ်လိုက်မှ ကိုလရောင်၏ကားမှန်း သိလိုက်ရသည်။ ကိုလရောင် က နောက်ခန်းမှ ထွက်လာပြီး သူ့ရှေ့ရပ်လိုက်သည်။
"ခုမှ ပြန်လာလား.. " ကိုလရောင်က ထက်သူကို တစ်ချက်ဝေ့ကြည့်ပြီး မေးလိုက်သည်။
ထက်သူပွေ့ထားသော တိုတိုရိုကို သိပ်သဘောမကျဟန် သံသယဖြင့် ကြည့်နေသော်လည်း ကိုလရောင်မျက်ဝန်းထဲတွင် ကြီးစိုးနေသော စိတ်ပူပင်မှု အရိပ်အယောင်များကြောင့် ထက်သူစိတ်ထဲ ပျော်ရွှင်ကျေနပ်သွားမိသည်။
"ဘာဖြစ်လို့လဲ.. သူတို့အလုပ်တွေ မပြီးလို့ ကလေးကို ခုမှပြန်ပို့ကြသလား.."
"မဟုတ်ပါဘူး.. သူတို့ပန်းပွဲတော်သွားမယ်ဆိုတာနဲ့ ကျွန်တော်လည်းလိုက်သွားတာ။"
ထက်သူစကားအဆုံးတွင် ကိုလရောင်၏ မျက်ဝန်းတွင် အလိုမကျမှုများကြီးစိုးလာသည်။
"ဒီကောင်ကရော..." တိုးတိုးရိုကိုမေးငေါ့ပြရင်း ကိုလရောင်လှမ်းမေးလိုက်သည်။
"ဟိုလူဝယ်ပေးတာ.. ကျွန်တော်ကူပေးခဲ့တာတွေကို ကျေးဇူးတင်လို့တဲ့.."
ထက်သူဖြေရင်း တဖြေးဖြေး အလိုမကျု ဖြစ်လာသော ကိုလရောင်မျက်နှာကို ကြည့်ကာ ပြုံးမိလာသည်၊ ကိုလရောင်မနာလို ဖြစ်နေသည်ကို သူသိသည်။ ဒါကိုလည်း သူကျေနပ်မိပါသည်။
"တော်ပြီကွာ.. ကိုယ်ကတော့ စိတ်မချလို့ မန္တလေးပြန်ရောက်ရောက်ခြင်း သူ့ကို လာကြည့်ရတာ.. သူကတော့ ဟိုကောင်နဲ့လျောက်လည်ပြီးမှ ပြန်လာတယ်.."
"အစ်ကိုကလည်း ဘာစိတ်မချစရာရှိလို့လဲ... ဟိုလူ တစ်ယောက်လုံးပါတာပဲကို. ကျွန်တော်တို့ နှစ်ယောက် ပန်းပွဲတော်သွားကြတယ်.. နေ့လည်စားစားကြတယ်.. သူက အရုပ်ဝယ်ပေးတယ်.. ကျွန်တော်က သူ့ကို အကျႌလိုက်ရွေးပေးတယ်..." ထက်သူက ရယ်ရင်း ကိုလရောင် ပိုသဝန်တိုအောင် ဆွပေးလိုက်သည်။
YOU ARE READING
သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ (သူဖန္ဆင္းတဲ့ ကြၽန္ေတာ့္ဖူးစာ)