Part 8

28.8K 2.8K 74
                                    

Unicode

"ကိုယ်သွားတော့မယ်နော်.." ထက်သူက ချစ်စရာကောင်းအောင် ခေါင်းငြိမ့်ပစ်လိုက်တော့ ကိုလရောင် အသည်းယားစွာ ထက်သူခေါင်းကိုဆွဲဖွလိုက်သညိ။

"ကိုယ် လည်း သွားလို့ရတယ်.. ခေါင်းလည်းသွားလို့ရတယ်.... "

မကျေမနပ် ပြောနေသော လင်းမြတ်သစ်ကို သီရိ ခြေထောက်တက်နင်း ပစ်လိုက်ရသည်။

"နင် ငါ့ကို လာမနင်းနဲ့.. ဟိုမှာလည်း ကြည့်ဦး.. သည်းနေကြတာ.. အဲလောက်ချစ်နေရင် သူပြန်လိုက်ပို့လေ.. ဘယ်လောက်မှ မကြာဘူး.. ခု သူ့လိုဘပြည့်ဖို့ ထက်သူကို ထားခဲ့တယ် မဟုတ်လား."

"ဟဲ့ သူက နင့်ကျေးဇူးရှင်နော်.. ပြင်ဦးလွင်ထိလာပြီး ထက်သူကို နင့်လက်ထဲ ထည့်သွားတာ.."

သီရိ အပြောကိုလျစ်လျူရှုပြီး လင်းမြတ်သစ် ထက်သူကို ကြည့်လိုက်သည်၊ ထက်သူက ကားလေးသူ့မျက်စိအောက်က ပျောက်မသွားမချင်း လက်ပြကာ ကျန်နေရစ်သည်။

"လူက ငါ့နားမှာရှိနေတာ ဘာလုပ်ရမှာလဲ.. အဲဒီ အရူးကောင်ရဲ့ စိတ်က နေပြည်တော်ကို ပါသွားတဲ့ဟာကို..." လင်းမြတ်သစ် တိုးတိုးရေရွတ်လိုက်သည်။

"ငါတော့ မထင်ဘူး လင်းမြတ်သစ်.." သီရိက ရယ်ရင်းပြောလိုက်သည်။ "ရုံးခန်းထဲမှာ ငါသိသွားတာ တစ်ခုရှိတယ်.. ကြည့်နေ.. ငါထင်ရင် လွဲခဲတယ်.."

"ရုတ်တရက်ကြီး ဆရာမကြီးလေသံဖြစ်သွားပါလား.."

"နင်ကြည့်နေပါ.. ငါက စာသာ နင့်လောက်မတော်တာရှိမယ်.. အဲဒီနေရာမယ်တော့ နင့်ထက်သာတယ်.." သီရိက လက်ဝါးနှစ်ဖက်ကို ပွတ်ရင်း ထက်သူကို ကြည့်နေလိုက်သည်။

" ကလေးက တအားချစ်စရာလေး နင်နဲ့တောင်မလိုက်ဘူး..ငါသာယောကျ်ားလေး ဖြစ်လိုက်ရင် သူ့ကို ဝုန်းပစ်မှာ..."

"သီရိမ.. သေချင်ပြီလား.." လင်းမြတ်သစ်၏ ဒေါသဖြင့်အော်သံ.. သီရိ၏ ရယ်သံများ ဆူညံသွားလေတော့သည်။

💙💙💙💙💙💙💙💙💙💙💙💙💙💙

"ကန်တော်ကြီး ပန်းပွဲတော်.. ဟုတ်လား.." ထက်သူ နှုတ်ခမ်းက တစ်တောင်လောက်ရှေ့ကို ထွက်လာနေပြီ ဖြစ်သည်။ "ခုပြန်မှာ မဟုတ်ဘူးလား.."

သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ  (သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ)Where stories live. Discover now