Part 3

34.7K 3.1K 105
                                    

Unicode 

"အဲဒီတော့ မင်းငါ့ကို ပက်ပက်စက်စက် ဒုက္ခပေးလိုက်ရတဲ့ အဓိက အကြောင်းအရင်း က နေကြာစေ့ထုပ်ထဲက ဗေဒင် စာရွက်ပေါ့. ဟုတ်လား...."

လင်းမြတ်သစ် ရှေ့ဆက်မပြောနိုင်အောင် ဆွံ့အသွားလေသည်။

လင်းမြတ်သစ် ဖုန်းတဂွမ်ဂွမ်ဆက်ပြီး အိမ်ပြင်သို့ အတင်းခေါ်ထုတ်၍ မတတ်သာသည့်အဆုံး လင်းမြတ်သစ်အား အိမ်နားရှိ အအေးဆိုင်တွင် တွေ့ရန် ဆုံးဖြတ်လိုက်ရသော ထိုထက်သူ အမည်ရ သည့် ထိုကောင်လေးကား ခေါင်းငိုက်စိုက်ချကာ ထိုင်နေလေသည်။ ခုမှ အိပ်ယာနိုးလာပုံရသော ထိုကောင်လေးသည် ညဝတ်အင်္ကျီ အပြာလေး ပေါ်တွင် အပေါ်ဝတ် အနက်လေးကို စွပ်ထားသည်။ ထိုကောင်လေး သည် လူကောင်သေးသေးလေး မဟုတ်သော်လည်း သူ့ထက်စာရင်တော့ ပုလုံးလုံးလေး ဖြစ်လေသည်။

"မင်းရဲ့ အဲဒီ အဓိပ္ပါယ်မရှိတဲ့ အရူးအတွေးအခေါ်ကြောင့် ငါဘယ်လောက်ဒုက္ခရောက်ရလဲ သိလား.. ငါ မနက်ဖြန်တင်ရမယ့် စာတမ်းကို အချောမပြောနဲ့ အကြမ်းတောင် မတင်နိုင်တော့ဘူး.. Data တွေလည်း တစ်ခုမှ မထည့်ရသေးဘူး.." ပြောရင်း ဒေါသထွက်လာသော လင်းမြတ်သစ် က စားပွဲခုံကို လက်ဖြင့် ကြမ်းကြမ်းပုတ် ပစ်လိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို အဲလို မဆက်ဆံနဲ့။ အဲဒါ ကျွန်တော့်အမှား တစ်ခုတည်းမှ မဟုတ်တာ.. "ထက်သူက ပေစောင်းစောင်းဖြင့် ကြည့်ရင်း လင်းမြတ်သစ်ကိုပြောလိုက်သည်။ "ခင်ဗျား ရုပ်ကိုက သူတောင်းစားရုပ်ရော.. အရူးရုပ်ရော ထွက်နေတာကိုး.. ပြီးတော့ ခင်ဗျားဟာ ခင်ဗျား စာတမ်းကို deadline မတိုင်ခင် ပြီးအောင် လုပ်ထားရမှာလေ.. ကိုယ့်ဟာကိ်ုယ်ဖြင့် ပြီးအောင်မလုပ်ဘဲ ဟိုလူ့အပြစ်ပြော ဒီလူ့အပြစ်ပြော လုပ်မနေပါနဲ့.."

ဘယ်လိုတွေတောင် သူ့အပြစ်ဖြစ်သွားရပါလိမ့်။ လင်းမြတ်သစ် အလိပ်လိုက်တက်လာသော ဒေါသများကို ကိုလာနှင့်မျောချရင်း ပေစောင်းစောင်းကြည့်နေသော ထိုကောင်လေးအား ထိုအရာအားလုံးအတွက် တန်ကြေးပေးကိုပေးရစေမည်ဟု တိတ်တိတ်လေး ဆုံးဖြတ်လိုက်သည်။

"Speechless ကြီးပါကွာ.. Speechless ကြီးပါ.. သူခိုးက လူပြန်ဟစ်နေပုံများကွာ.. ဟေ့ကောင် မင်းလုပ်လို့ ငါအရူးထောင်မှာ ညအိပ်ရတာတို့ ..အခုလည်း စာတမ်းတင်ဖို့ရက်လေး နောက်သုံးရက်လောက်နောက်ဆုတ်ပေးဖို့ ပါမောက္ခချုပ် အခန်းမှာ ထိုင်ရှိခိုးမတတ်၊ မျက်ရည်တွေတွေ ကျပြပြီး ကြမ်းပြင်ပေါ်လှိမ့်ပြီး ဆန္ဒပြ မတတ် တောင်းပန်ခဲ့ရတာကွ.."

သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ  (သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ)Where stories live. Discover now