Part 10

26.9K 2.5K 32
                                    

Unicode

ထိုနေ့ မနက်စောစောပိုင်းက

💔💔💔💔💔💔💔

မြောက်ဘက်မှ ဖြတ်လာသော လေညင်းသွဲ့သွဲ့ကြောင့် ကျူံးရေမျက်နှာပြင် လှုပ်ခါသွားသည်ကို ထက်သူစောင့်ကြည့်နေမိသည်။ ရေမှုန်ရေမွှားများကို သယ်ဆောင်လာသော လေညင်းသည် ချွေးစက်များဖြင့်စိုရွှဲနေသော ထက်သူကို အေးစိမ့်စေခြင်းငှါ မစွမ်းသာ.... မျက်နှာပေါ်မှ ချွေးစက်များကို လက်ဖြင့်သပ်ချရင်း ဘေးတွင်ချထားသော ရေဘူးကို မော့ချလိုက်သည်။

"မနက်ပိုင်း ကျုံးကို ပတ်ပြေးရတာ လန်းသွားတယ်မဟုတ်လား.." နှင်းရီက ဟောဟဲ ဆိုက်နေသော ထက်သူကို ရယ်ရင်းမေးလိုက်သည်။

"မလန်းဘူး. မောလည်းမောတယ်.. အိပ်ရေးမဝလို့ စိတ်လည်းမကြည်ဘူး..နောက်နေ့ငါ့ကိုလာ မခေါ်နဲ့.. နင့်ဟာနင်သွား.."

"နင်အဲ့လို မလှုပ်မရှား လုပ်နေရင် ဝတုတ်ကြီး ဖြစ်လာမှာ.."

နှင်းရီက ပြောရင်း ကျုံးရေပြင်ထဲ ခဲလုံးတစ်လုံး ပစ်ထည့်လိုက်သည်။

"ဝတုတ်ကြီး ဖြစ်တော့ ဘာဖြစ်လဲ.. ငါက အလှပြပြီး ပိုက်ဆံရှာမှာ မဟုတ်ဘူး." ထက်သူက ခပ်ချေချေ ဖြေလိုက်သည်။

"ဝတုတ်ကြီး ဖြစ်ရင် ကိုလရောင်က မချစ်တော့ဘူးတဲ့.."

"နင်နော်.." ထက်သူက နှင်းရီပခုံးကို ထုရင်း မျက်နှာနီလာလေသည်။

"နင်တို့နှစ်ယောက် ငါ့ကို ပလစ်တာများနေပြီ.." ထိုအသံကြောင့်လှည့်ကြည့်လိုက်တော့ ဘုန်းမြတ်က သူတို့ထံလျောက်လာနေသည်။

"မပလစ်ပါဘူးကွာ.... မင်းမနိုးလောက်ဘူးထင်လို့ပါ.." ထက်သူ ဘုန်းမြတ်ထိုင်၍ရအောင် ခုံတန်းတွင် နေရာရွှေ့ပေးလိုက်သည်။

"ခုလမ်းလျောက်တဲ့ ကိစ္စကိုပြောတာ မဟုတ်ဘူး.." ဘုန်းမြတ်က ပြောရင်း သူတို့နှစ်ယောက်ကို မကျေမနပ်ကြည့်နေသည်။ "အထူးသဖြင့် ထက်သူ.. မင်း.. ငါ့ကျမပြောပြဘူး.. မင်းတို့နှစ်ယောက်ပဲ သိနေကြတယ်ပေါ့လေ.."

"ဘာလဲဟ.. နင်ကလည်း.." နှင်းရီက စိတိမရှည်တော့ဘဲမေးလိုက်သည်။ "ရှည်ရှည်ဝေးဝေးတွေ လုပ်နေတယ်.."

သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ  (သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ)Where stories live. Discover now