Part 11

29.1K 2.8K 85
                                    

Unicode

အနည်းငယ်မှောင်စပျိုးလာသောကြောင့် မန္တလေးလေထုသည် အေးစိမ့်လာလေသည်။ လင်းမြတ်သစ် နောက်ဆုံးလက်ကျန်ဆေးလိပ်တိုကို တစ်ချက်ရှိုက်ဖွာပြီး ကတ္တရာလမ်းမပေါ်သို့ ပစ်ထုတ်လိုက်သည်။

မန္တလေးမြို့လည်း နှံ့သလောက်ရှိပြီ..

ကျုံးပတ်လည်.. မြောက်ပြင်. ပြည်ကြီးတံခွန်ဘက်.. ဘူတာရုံ.. ဒိုင်းမွန်းဘက်ခြမ်း.. နှံ့သလောက်ရှိနေပြီ... မြို့ထဲမှာလုံးဝမတွေ့..

ဒီကောင်ခုချိန်ထိ ဘယ်ရောက်နေပါလိမ့်..

နှင်းရီတို့က အောင်ပင်လယ်ဘက် သွားရှာဖို့ထွက်သွားကြသည်။ လင်းမြတ်သစ် ဆိုင်ကယ်ပေါ်တက်ကာ တောင်တက်လမ်းဆီ ဦးတည်လိုက်သည်။ ပြင်ဦးလွင်မြို့ထဲသို့ တစ်ခေါက်လောက်တော့ သွားကြည့်မှတော့ ဖြစ်မည်။

ဒီအချိန်ထက်သူ ဘယ်လောက်များ ဝမ်းနည်းနေလိမ့်မလဲ.. တစ်ယောက်တည်း ဘယ်လောက်တောင် အထီးကျန်နေ.. ရှက်နေလိမ့်မလဲ...

လင်းမြတ်သစ်တွေးရင်း လရောင်ဝေးကို စိတ်ထဲမှ ကျိန်ဆဲလိုက်သညိ။

ဆိုင်ကယ်မောင်းထွက်မှ လေအေးပြင်းပြင်းက သူ့ကိုယ်ကိုလာတိုးဝှေ့ကာ ချမ်းစိမ့်သွားသည်။ သူဂျာကင်ကို ဆွဲစိလိုက်ရင်း ထက်သူကို သတိရသွားသည်။ ဒီကောင်လေး ဘယ်လောက်တောင် အေးနေလိမ့်မလဲ.. လမ်းမှာတွေ့တဲ့ ဆိုင်တစ်ဆိုင်မှာ ဆွယ်တာ တစ်ထည်ဝယ်မှဖြစ်မည်။ သူ့ကိုတွေ့သည် နှင့် ဝတ်ပေးရမည်မဟုတ်လား...

💙💙💙💙💙💙💙💙💙💙💙💙💙💙💙

လင်းမြတ်သစ် ဆိုင်ကယ်ကို မောင်းလာရင်း view point တွင် ခဏရပ်ရန် ဆုံးဖြတ်လိုက်သည်။ နေအတော်ကျလာပြီမို့ အအေးဓာတ်က လွန်ကဲလာနေပြီး သူ့လက်လည်း ထုံကျင်အေးစက်လာသည်။

ဆိုင်ကယ်ကို စက်သတ်ပြီး ဆင်းလိုက်သည်။ ပန်းမြို့တော်၏ အထင်ကရဖြစ်သော မြွေလိမ်မြွေကောက် တောင်တက် လမ်းကို View Point မှ အလှပဆုံးမြင်နေရသည်။ ကုန်ကားကြီး အချို့ရှေ့မီးကြီးထိုးကာ တရွေ့ရွေ့တက်လာသည်ကို သူငေးကြည့်ရင်း မျက်လုံးထောင့်မှ မြင်လိုက်ရသော တစ်စုံတစ်ရာကြောင့် သူ့ရင် လှပ်ခနဲ တုန်သွားသည်။

သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ  (သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ)Where stories live. Discover now