Bonus Chapter: 50 Shades Of Htet

66.4K 3.6K 236
                                    

Unicode

နံရံခြားနေသော တစ်ဖက်ခန်းမှ ရယ်မောသံများကို နားထောင်ရင်း ထက်သူ တစ်ယောက် သူ့နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။

အချိန်က ည ရှစ်နာရီကျော်နေပြီ။သူ မဖိတ်ခေါ်သော ဧည့်သည်က ခုထိမပြန်သေး။

ထက်သူ နွမ်းနယ်စွာ မျက်လုံးကို ပွတ်လိုက်သည်။ သူ အိပ်ချင်နေပြီ။ ဒီနေ့ဆေးခန်း တစ်ခါသွားလိုက်တာ အတော်လေး ပင်ပန်းသွားသည်။ သို့ပေမယ့် သူဒီအတိုင်းတော့ မအိပ်ချင်.. လင်းမြတ်သစ် ရင်ခွင်ထဲ ခေါင်းမှီရင်း လင်းမြတ်သစ် ထွေးပွေ့တာ ခံယူကာ နွေးနွေးထွေးထွေး အိပ်ချင်မိသည်။

လင်းမြတ်သစ်ကိုစောင့်ရင်း အိပ်ယာဘေးရှိ ဖုန်းကို ဆွဲယူကာ Facebook news Feed ကို ဟိုဟိုဒီဒီ ပွတ်ဆွဲရင်း ဆောင်းပါးတစ်ခုကို မျက်လုံးရောက်သွားသည်။ ထို ဆောင်းပါးက "သင့်ခင်ပွန်း အပျော်ရှာနေပြီလား .. "

ထက်သူ မျက်လုံးကျယ်သွားပြီး သေချာလိုက်ဖတ်မိသည်။

၁။ ကိုယ်ဝန်ဆောင်နေသော အချိန်..

ထက်သူ မဲ့ပြုံးပြုံးလိုက်သည်.. ဒါပဲလေ.. ယောကျ်ားတွေက နှာဘူးတွေ မဟုတ်လား.. သူတွေးပြီးမှ သူလည်း ယောကျ်ားပဲဟု စဉ်းစားကာ ရယ်ချင်သလိုလို ဖြစ်သွားသည်။.

၂။ အိမ်ထောင်သက် အနည်းငယ် ကြာလာချိန်

သူတို့နှစ်ယောက် အိမ်ထောင်သက် က နှစ်နှစ်.. ချစ်သူဖြစ်ကြတာ ခုနှစ်နှစ်ရှိပြီ

၃။ အိမ်ထောင်ဖက်၏ ရုပ်ရည် ယိုယွင်းလာသော အချိန်

ရုတ်တရက် ဟိုဘက်ခန်းတွင် လင်းမြတ်သစ်နှင့် အတူ အလုပ်လုပ် နေသော အတွင်းရေးမှူး ဆိုသူ ၏ ရုပ်သွင်ကို ထက်သူ မြင်ယောင်မိသွားသည်။ ထိုလူငယ်၏ ဗိုက်ကြွက်သားများက ထင်းနေသည်။ လက်မောင်းတောင့်တောင့် ကြောင့်ထိုသူဝတ်လေ့ရှိသော အကျႌအကျပ်လေးများမှာ တင်းကျပ်နေလေ့ရှိသည်။ ကွာတားဘောင်းဘီ တိုလေး ဝတ်ထားလျှင် အောက်မှ ခြေသလုံး ကြွက်သားများကလည်း ထင်းလို့...

ထက်သူ တဖြည်းဖြည်း ပူလာသော သူ့ဗိုက်ကို ကြည့်ရင်း အားငယ်လာသည်။ ရော့ရဲရဲ လက်မောင်းသားများရယ် ဝတုတ်တုတ် ခြေသလုံးရယ်ကြောင့် ထက်သူသည် တစ်နေ့တခြားဆွဲဆောင်ှမှူ ကင်းမဲ့လာသလို ခံစားလာရသည်။

🎉 You've finished reading သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ (သူဖန္ဆင္းတဲ့ ကြၽန္ေတာ့္ဖူးစာ) 🎉
သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ  (သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ)Where stories live. Discover now