Part 4

30.6K 3K 120
                                    

Unicode

"ဟေ့ကောင်.. ဟေ့ကောင်.. "

သူ့ပခုံးကို တွန်းပြီးလှုပ်နှိုးခံလိုက်ရသောကြောင့် ထက်သူ အိပ်နေရာမှ ထိုတွန်းနေသော လက်ကို ရိုက်ထုတ်လိုက် သည်။

"အောင်မယ်.. ငါ့တောင်ရိုက်လိုက်သေးတယ်.. ဟေ့ကောင်..မင်းဧည့်သည်တဲ့.. " ပြောရင်း လင်းမြတ်သစ်က ထက်သူ လက်နှစ်ဖက်ကို ဆွဲထူလိုက်သည်။

"ဘယ်သူလဲ.." အိပ်ယာပေါ်တွင် ငုတ်တုတ်လေး ဖြစ်သွားသော ထက်သူက အိပ်ချင်မူးတူးဖြင့် မျက်စိကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ရင်း မေးလိုက်သည်၊

"မင်းကို ဒီကို လိုက်ပို့တဲ့ ဘဲကြီး.." လင်းမြတ်သစ်က ဖြေရင်း ကွန်ပြူတာရှေ့တွင်ပြန်ထိုင်လိုက်သည်။ "canteen မှာစောင့်နေမယ်တဲ့.."

"ကိုလရောင်လား.." ထက်သူက ရေရွတ်ရင်း အမြန်ထပြီး မှန်ရှေ့အပြေးလေးသွားလိုက်သည်။ ထို့နောက် အိပ်ယာထ ကာစ ရှုပ်ပွနေသော ဆံပင်များကို ပိပြားသွားအောင် သေသေချာချာ ဘီးနှင့်ဖြီးပြီးမှ လက်ဖြင့်ပြန်ထိုးဖွကာ မဖြီးထားချင်ယောင်ဆောင်လိုက်သည်။

ကြေမွနေသော တီရှပ်ကို နှင့် ကာတွန်းရုပ်ပုံများပါသော ဘောင်းဘီကို ချွတ်ပစ်ပြီး အပြာနုရောင် တီရှပ် လက်ရှည်လေး နှင့် ဘောင်းဘီတိုလေး ကို ပြောင်းဝတ်လိုက်သည်။ ထို့နောက်မှန်ရှေ့တွင် နှစ်ပါတ်သုံးပါတ်လှည့်နေသော ထက်သူကို လင်းမြတ်သစ် မျက်လုံးလှန်ကြည့်လိုက်သည်။

"canteen နဲ့ အဆောင်နဲ့က ခြေလှမ်း ၂၀ တောင်မဝေးဘူး သိလား.. ဒီအတိုင်းသွားလည်း ဘာမှမဖြစ်ဘူး.. "

လင်းမြတ်သစ် စကားကြောင့် ထက်သူတစ်ယောက် မှန်ရှေ့တွင် လှည့်နေရာမှ ရပ်သွားပြီး လင်းမြတ်သစ်ကို စောင်ကြည့်လိုက်သည်။

" ကောင်းကောင်းမွန်မွန် ဝတ်စားသွားမှ.. တော်ကြာ သူတောင်းစားနဲ့ မှားခံနေရမှာစိုးလို့.."

ပြောပြောဆိုဆိုပင် တံခါးဖွင့်ထွက်သွားပြီး တံခါးကို ဂျိမ်းခနဲမြည်အောင် ပိတ်ပစ်လိုက်သည်။

လင်းမြတ်သစ်၏ "ဒီအချိန် ဘောင်းဘီတိုနဲ့ အပြင်သွားရင် လေဖြတ်ပြီး ပြန်လာရလိမ့်မယ်" ဟူသော စကားသည် တံခါးဆောင့်ပိတ်သံအောက်တွင်ပျောက်ကွယ်သွားလေသည်။

သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ  (သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ)Where stories live. Discover now