Part 7

28.2K 2.8K 74
                                    

Unicode

"အေးတယ်နော်..." ထက်သူက ကားမှန်ကို တင်ရင်း တိုတိုး ညည်းလိုက်သည်။ သူ့လက်နှစ်ဖက်ကို ပိုက်ထားပြီး ကိုယ်ကို ကျုံ့ထားလိုက်သည်။

"သတ္တိရှိတယ်နော်.. ပြင်ဦးလွင်သွားမယ်ဆိုတာကို  အပါးလေးပဲ ဝတ်လာတယ်.." ကိုလရောင်စကားကို ထက်သူသွားဖြဲပြီးသာ ရယ်ပြလိုက်သည်။

အမှန်တော့ သူဘာလိုချင်သည်ကို သူသာသိလေသည်။ သူသိချင်သည်က ကိုလရောင် သူ့အပေါ်ထား အလေးထားမှု ရှိမရှိလေး... ပြီးတော့ သူ့အပေါ်ထားသော ကိုလရောင်၏ အထူးတလည်ဂရုစိုက်မှုတွေ...

ထက်သူ မသိချင်ယောင်ဆောင်နေရင်း လမ်းဘက်ကို ငေးကြည့်နေလိုက်သည်။ သူ့နောက်ကွယ်မှာ ကိုလရောင် သူ့အနွေးထည်ကို ချွတ်နေမည်ကိုတွေးမိတော့ ပြုံးချင်သလိုလို ဖြစ်လာသည်။ ကိုယ့်ကို ဘယ်အချိန်ပဲ ဖြစ်ဖြစ် အထူးတလည် ဂရုစိုက်ပေးနေသော လူတစ်ယောက်ရှိသည့် ခံစားချက်.. ဒီခံစားချက်ကို ကိုလရောင်ဆီမှ သူအလွတ်ရနေပြီဖြစ်သည်။

အိုက်တင်ပေးရင်း လမ်းမကိုငေးချင်ယောင်ဆောင်နေသော ထက်သူကိုယ်လေး ဆတ်ခနဲ အဆွဲခံလိုက်ရပြီး ရုတ်တရက် နွေးနွေးထွေးထွေးဖြစ်သွားသည်။

သူလန့်ပြီးမော့ကြည့်လိုက်တော့ သူ့ကိုယ်က ကိုလရောင်နှင့် ပူးကပ်လျှက်ရှိသည်။ ကိုလရောင်က သူ့အနွေးထည်ကို မချွတ်ဘဲ အနွေးထည်ထဲသို့ ထက်သူ့ကိုယ်လေး ကို ဆွဲထည့်လိုက်ပြီး လက်တစ်ဖက်ဖြင့် တင်းတင်း ဖက်ထားလိုက်ခြင်း ဖြစ်သည်။

"ကိုယ်လည်း ချွတ်မပေးနိုင်ဘူး.. အေးတယ်.. " ကိုလရောင်က ပြောရင်း ထက်သူကို ထက်သူ ဆံပင်ကို ငုံ့နမ်း လိုက်သည်ကို ထက်သူ ခံစားလိုက်ရသည်။

ထက်သူ ခေါင်းငုံ့ထားရင်း မျက်နှာနွေးထွေးကာ ရင်တဒိတ်ဒိတ်ခုန်လာသည်။

"အိပ်ချင်ရင် ကိုယ့်ကိုမှီထား.."

ကိုလရောင်၏ စကားပင် မဆုံးသေး.. ထက်သူ တစ်ကိုယ်လုံး လျော့ချပြီး ကိုလရောင်ပေါ် ပြိုဆင်းနေပြီ...

ဒါပဲထင်ပါရဲ့.... ချစ်တယ်ဆိုတာ....

ဒါကတော့ ထက်သူ အိပ်မပျော်သွားခင် နောက်ဆုံးတွေးမိသော အတွေးပင်ဖြစ်သည်။

သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ  (သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ)Where stories live. Discover now