Part 6

30.5K 2.9K 162
                                    

Unicode

တီ... ဟူသော သံရှည်တစ်ချက်ဆွဲပြီး printer မှ နောက်ဆုံးစာရွက် တစ်ရွက်ထွက်လာလေသည်။ လင်းမြတ်သစ်သည် ထိုစာရွက်ကို ကုတင်ပေါ်တွင် သေချာစွာစီထားသော စာရွက်ပုံပေါ်သို့တင်ပြီး အနားစွန်းများညီအောင် ဆောင့်ချလိုက်သည်။ ထိုစာရွက်များကို stepler ဖြင့် သေချာချုပ်ပြီး အနှောင့် ကို အစိမ်းရောင် Binding Tape ဖြင့် ညီညာစွာကပ်လိုက်သည်။ ချုပ်ပြီးသားစာအုပ်ပေါ်တွင် စာစစ်ဆရာမ အမည်ကို ခဲတံဖြင့်ရေးပြီး ထိုစာအုပ်ကို စားပွဲပေါ်ရှိ ၎င်း နှင့် ပုံစံတူစာအုပ်များ ပေါ်တွင် စီထပ်လိုက်သည်။

"ပြီးသွားပြီ..." လင်းမြတ်သစ် တီးတိုးရေရွတ်ရင်း အောင်မြင်စွာရေးသားပြီးစီးသွားသော စာတမ်းကို လက်ဖြင့်ပွတ်သပ်လိုက်သည်။ စာတမ်းပြီးဆုံးသွားသော်လည်း သူ့စိတိတွေ ပေါ့ပါးမသွားဘဲ ပိုမိုတောင် တင်းကျပ်လာသလိုလို....

သူ အံဆွဲထဲမှ Ruby ဆေးလိပ်တစ်လိပ်ကို မီးညှိပြီး အားရပါးရ ရှိုက်ယူပစ်လိုက်သည်။ သို့သော် သူ့စိတ်ထဲက တင်းကျပ်နေမှုများက ပျောက်ဆုံးမသွား..

သူစိတ်ပြောင်းလို ပြောင်းငြား စားပွဲပေါ်မှ ကဗျာစာအုပ်တစ်အုပ်ကို ကောက်ယူ လှန်လိုက်သည်။

သူလှန်လိုက်သည့် စာရွက်မှာရေးထားသည့်ကဗျာက..

."မင်းက ကျောတောင်မခိုင်းရသေးဘူး

ငါက လွမ်းလို့ ငိုနေပြီ..."

လင်းမြတ်သစ် ထို စာအုပ်ကို ပိတ်ပစ်လိုက်ပြီး ဟက်ခနဲ ရယ်လိုက်မိသည်။ သူ့မျက်လုံး အစုံကတော့ dream bed ပေါ်တွင် ခပ်ကွေးကွေး အိပ်နေသော ကောင်လေးတစ်ယောက်ဆီသို့...

သူမရည်ရွယ်ပါဘဲ ထိုကောင်လေးဆီလျှောက်သွားလိုက်သည်။

"မင်း အတော်ရှုပ်တဲ့ ဟာလေးပဲ." အောက်ပြုတ်ကျလုဆဲဆဲ စောင်ကို ထိုကောင်လေး၏ ကိုယ်ပေါ်ပြန်တင်ပေးရင်း သူညည်းညူလိုက်မိသည်။

"ထပ်တွေ့စရာ အကြောင်းမရှိတော့ ဘူးဆိုတော့ မင်းလဲ ငါ့စိတ်တွေ ထွေပြားအောင် နောက်တစ်ခါ လုပ်လို့မရတော့ဘူးပေါ့..."

သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ  (သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ)Where stories live. Discover now