Part 2

35.8K 3.1K 199
                                    

Unicode

"စိတ်ချမ်းသာ သွားပြီလားကလေး.." ကိုလရောင် က ကားပေါ်မှ ဆင်းဆင်းခြင်း မေးတော့ ထက်သူက တက်ကြွစွာ ခေါင်းငြိမ့်သည်။

"ဗေဒင်ကိစ္စအဆင်ပြေသွားတာလည်း စိတ်ချမ်းသာတယ်... အဲဒီပိန်ပိန်ရှည်ရှည်နဲ့ စိတိသိပ်မနှ့ံတဲ့သူ ဗိုက်ပြည့်သွားမှာကိုလည်း စိတ်ချမ်းသာတယ်.."

"ဟိုက သူတောင်းစား သာမဟုတ်ရင် နင့်လာရိုက်မယ်ထင်တယ်.." နှင်းရီက ရယ်ပြီးပြောလိုက်သောအခါ ထက်သူက အလန့်တကြားတားလိုက်သည်။

"ဟဲ့.. သူက သူတောင်းစား.. သေချာတယ်.. " ပြောရင်း ထက်သူမျက်စိပျက် မျက်နှာပျက်ဖြစ်နေပြီ။ "သူက သူတောင်းစား ဖြစ်ကိုဖြစ်ရမှာ.. မဟုတ်ရင် ငါ Bed side ဖြေနိုင်မှာ မဟုတ်ဘူး.."

"တော်ပါပြီ နှင်းရီရယ် ခဏ နေရင်ပဲ စာမေးပွဲဖြေရတော့မှာ... အဲဒီအကြောင်း ထပ်မစပါနဲ့တော့... " ကိုလရောင်က ပြေရာပြေကြောင်း ဖြန်ဖြေလိုက်သော်လည်း ထက်သူခေါင်းထဲတွင်တော့ ထိုအတွေးက ပျောက်မသွား။

အကယ်၍ ထိုသူသာ သူတောင်းစားမဟုတ်ခဲ့ဘူးဆိုလျှင်....

ထိုအတွေးနှင့်ပင် ကျောထဲ ချမ်းစိမ့်သွားသည်။ ထက်သူနာရီကို ကြည့်လိုက်တော့ ဆယ့်နှစ်နာရီ ကျော်နေပြီ။ ခုမှတော့ ဘာမှ လုပ်မရတော့။ စာမေးပွဲဖြေမည့်အခန်းနား သွားပြီး စာဖတ်နေတာက ပို ကောင်းလိမ့်မည်ထင်သည်။

"ငါသွားနှင့်တော့မယ်... Toilet လည်းသွားဦးမလို့.." ထက်သူက ပြောရင်းလွယ်အိတ်ကိုဆွဲလိုက်တော့ ကိုလရောင်က ထုံးစံအတိုင်း သူ့ဆံပင်များကို ဆွဲဖွလိုက်သည်။

"Goodluck နော် ကလေး.. သိသမျှ အကုန်ပြန်သာပြော မကြောက်နဲ့. Ok.."

ထက်သူပြုံးပြီး ခေါင်းငြိမ့်တော့ ကိုလရောင်က သူ့ပါးလေးကို ချစ်စနိုးဖြင့်ဆွဲလိုက်ပြီး မျက်စိတစ်ဖက် ဆတ်ခနဲ မှိတ်ပြလိုက်သည်။

ထက်သူလှည့်ထွက်လာရင်း ယောင်ယမ်းပြီး ဗိုက်ကို ဖိထားမိသည်။ ဒါဘယ်လို ခံစားချက်ကြီးပါလိမ့်.. ဗိုက်ထဲမှာ ဘာမှမကျန်တော့ဘဲ အေးပြီး ပေါ့ပေါ့လေးဖြစ်သွားသလိုမျိုး.... အမြင့်ပေါ်က ခုန်ချလိုက်သလို လှပ်ခနဲ တုန်သွားတာမျိုး...ကိုလရောင် မျက်စိမှိတ်လိုက်တဲ့ အချိန်မှာမှ ဖြစ်သွားတာ...

သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ  (သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ)Where stories live. Discover now