Zawgyi>>>
Chanyeol တစ်ယောက်အခန်းထဲမှာပဲ ဟိုလျှောက်ဒီလျှောက်ဖြင့်...Hyun ကလည်းကိစ္စရှိလို့ဆိုပြီးအပြင်ထွက်သွားတယ်လေ....
"ဟာ "
သူ့ကိုစိတ်ပျက်စွာညည်းညူစေတာက ခြေထောက်မှာပါလာတဲ့ သံကြိုးခပ်ရှည်ရှည်ကြီးကြောင့်...သူသွားလေအသံကပိုဆိုးလေနဲ့ ဒီတိုင်းထိုင်နေရအောင်လည်း လူကအရမ်းညောင်းလှပါပြီ...
အဲ့တာပြောတာ Hyun လူဆိုး... သူများကိုဖမ်းချုပ်ထားပြီး အနားမှာကျမနေပေးဘူး...
Chanyeol နှုတ်ခမ်းလေးဆူသွားသည် ဘယ်တွေသွားနေလို့ ဒီလောက်ကြာနေရတာပါလိမ့်?အရင်ကဆို Moonlight ကတစ်ဖဝါးမှမခွာဘဲအခုမှကြာလိုက်တာ....
အရမ်းချစ်လွန်းလို့ သည်းခံနေတာပါ Hyun ရယ်...Hyun ကိုသိပ်ချစ်လွန်းလို့ လှောင်အိမ်လေးထဲပျော်မွေ့စွာ ဆက်တည်ရှိနေမိတာပါ...
မွန်းကြပ်မှုကြောင့်စိတ်ညစ်ရတဲ့ အချိန်အချို့တွေရှိနေခဲ့ပေမဲ့ ပျံသန်းကာထွက်သွားဖို့ တစ်စက်ကလေးမှမတွေးခဲ့မိတာ ဘာကြောင့်လဲသိလား Hyun?
မွန်းကြပ်မှုဆိုတာထက်လွမ်းဆွတ်မှုကို ကျွန်တော်ပိုမုန်းတယ် Hyun မရှိပဲမနေနိုင်တာကျွန်တော့်ကိုယ်ကျွန်တော် အသိဆုံးပဲမို့လို့လေ...
သူတွေးနေတုန်းမှာပဲ ရုတ်တရပ်ဝုန်းဒိုင်းကျဲကာ အခန်းတံခါးကိုဆွဲဖွင့်လိုက်တဲ့ Hyun ကြောင့်တော်တော်လန့်သွားရတယ် လန့်ဆိုအလိုမကျစွာတွန့်ကွေးထားတဲ့ Hyun ရဲ့မျက်ခုံးတွေ...
အဲ့ထဲမှာဒေါသရိပ်တွေပါနေမှန်း သူတန်းပြီးခန့်မှန်းမိပါတယ် ဘာတွေဒီလောက်တောင် ဒေါသထွက်နေရတာလဲ Hyun ရယ်...
Chanyeol အမြန်မတ်တပ်ရပ်လိုက်တော့ Hyun ကသူ့ရှေ့ရပ်ကာ
~ဖြောင်း
ကျိန်းစက်သွားတဲ့ပါးပြင်နဲ့အတူ အားပြင်းတာကြောင့်လဲကျသွားရတဲ့ သူ့ခန္ဓာကိုယ်....နားလည်လို့ပြန်မကြည့်သည်မဟုတ်...သူမျှော်လင့်ထားပြီးသားအရာတစ်ခုရယ်ပါ...
Hyun ဒေါသထွက်တယ်ဆိုတာသူ့ကြောင့်ကလွဲပီး မည်သို့အကြောင်းအရာရှိမည်နည်း...Hyun စိတ်ပြေလိုပြေငြားနောက်တစ်ခေါက် မတ်တပ်ရပ်မိတော့လက်သီးတစ်ချက်ကပါးပြင်ထက်....
YOU ARE READING
Endless(CAGE-2)
Fanfictionလှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မှာမဟုတ်လား??ချစ်တဲ့လှောင်အိမ်ပိုင်ရှင်လေးအတွက်ဖြစ်ဖြစ် သံကြိုးတွေနဲ့နာကျင်မှုကို ခင်မင်မိသည်က... (warning:*CAGE* series များတွင် Chanyeol uke သာရေးသားထားသည်) လှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မ...