Zawgyi>>>
မနက်အလင်းရောင်ရရှိချိန် နိုးနိုးချင်းခံစားမိတာက ကျော်ပြင်တစ်လျှောက်ခပ်ဆိုးဆိုးနာကျင်မှု...တစ်ညလုံးမတ်တပ်ရပ်ထားရသည်မို့ ခြေထောက်နှစ်ဖက်လဲထုံကျင်နေပြန်သည်...
အားတင်းကာမျက်လုံးဖွင့်ကြည့်မိတော့ သူ့မျက်စိရှေ့မြင်ကွင်းလေး...သူ့ရှေ့မှာ Hyun ထိုင်နေသည်မဟုတ်ပါလား?ဒါဆို...ညကတည်းက Hyun နေရာကလုံးဝမရွှေ့ခဲ့သည်လား....
အတွေးများဖြင့်ရှုပ်ရှပ်ခတ်နေပြန်တယ် Hyun ကိုပြန်မော့ကြည့်မိတော့လည်း ညကလိုသူ့ကိုစိုက်ကြည့်နေတုန်း...မျက်ခုံးနှစ်ခုတွန့်ကွေးနေဆဲ...Hyun စိတ်ဆိုးမပြေသေးတာလား?
"Hyun..."
သူ့ခေါ်သံလေးကြောင့် Hyun ထိုင်နေရာမှရပ်လိုက်ကာ သူ့ရှေ့ရောက်လာသည်...မိမိမသိပါဆိုသောကျူးလွန်ခဲ့တဲ့ အပြစ်တစ်ခုအတွက် ခေါင်းမဖော်နိုင်ခဲ့ပါ...Hyun စကားနားမထောင်ခဲ့ဘူးတဲ့လား?
"ကျွန်တော်...တောင်းပန်ပါတယ်"
Hyun ထံမှအဖြေပြန်မရလာခဲ့ပါ...ရုတ်တရပ်ဆွဲဖက်ခြင်းခံလိုက်ရသည်နှင့်အတူ ခပ်စပ်စပ်နာကျင်မှုတစ်ခုက ကျောပြင်မှာတိုးဝင်လာတော့သည်...တင်းတင်းဖက်လိုက်တဲ့ Hyun ရဲ့လက်တွေကြောင့်ပဲလား...
"Yeol..."
"ဟုတ်..အ့"
တိုးလျလျအော်သံလေး ကောင်လေးနှုတ်ခမ်းမှထွက်ကျလာခဲ့တယ်...ဝတ်ထားသောအင်္ကျီအောက်မှ လက်ကိုလျှိုသွင်းကာ ခါးပတ်ရာကြောင့်နီရဲရုံသာမက သွေးတွေပင်ခြောက်နေပြီဖြစ်သော yeol ကျောပြင်မှအစင်းရာအချို့အား လက်ချောင်းသွယ်သွယ်တို့ဖြင့်ပွတ်တိုက်နေခြင်း...
"အ့"
နာလွန်း၍လူးလွန်းသွားသော ကိုယ်လုံးလေးကိုအလွတ်မပေးပဲ တင်းတင်းသိုင်းဖက်ထားကာ ရင်ခွင်ထဲနစ်မြုပ်စေတယ်...
"Yeol မရုန်းနဲ့ကွာ.."
ရေရွတ်မိသည့် အမိန့်ပေးသံကြောင့် လှုပ်ရှားနေသောကျောပြင်လေးငြိမ်သက်သွားသည်...မကြည့်ရင်တောင်သိနိုင်တာက သူ့နှုတ်ခမ်းလေးကိုပြတ်ထွက်မတတ် ကိုက်ခဲထားတော့မည်ဆိုတာ...
YOU ARE READING
Endless(CAGE-2)
Fanfictionလှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မှာမဟုတ်လား??ချစ်တဲ့လှောင်အိမ်ပိုင်ရှင်လေးအတွက်ဖြစ်ဖြစ် သံကြိုးတွေနဲ့နာကျင်မှုကို ခင်မင်မိသည်က... (warning:*CAGE* series များတွင် Chanyeol uke သာရေးသားထားသည်) လှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မ...