Zawgyi>>>
"ကျွန်တော်...ကျွန်တော်...."
နှုတ်ခမ်းတွေစေးကပ်သည့်ဟန် မည်သို့သောစကားလုံးကိုမှရှာမရချေ...ခေါင်းမူးဝေဒနာကြောင့်လား?ဒါမှမဟုတ် အသိစိတ်ကလှုံ့ဆော်နေတဲ့ ^ မင်းကHyunအပိုင်ပဲ^ ဆိုတာကြောင့်ပေပဲလား?
~ချောက်
ဖျတ်ခနဲမှိတ်သွားသောမီးသီးနှင့်အတူ သူရှိနေသောအခန်းလေးအမှောင်ကျသွားလေသည်...မမြင်ရမှန်းသိသော်လည်း ဟိုကြည့်သည်ကြည့်လုပ်တတ်သည်က အကျင့်တစ်ခုလို...ထိတ်လန့်ခြင်းအစုံလည်းစိတ်ထဲကပ်ပါလာသည်မဟုတ်ပါလား...
"အ့"
ရုတ်တရပ်ခါးမှဆွဲပွေ့ခြင်းခံရလိုက်ရသည်နှင့်အတူ ရုတ်ချည်းဆိုသလိုမရုန်းကန်နိုင်ခဲ့တာက Hyun....Hyun ရဲ့အငွေ့အသက်...Hyun သူ့ကိုပြန်လာခေါ်တာလား?
"Hyu...."
"Shuuuu..."
Hyun စကားကြောင့်သူ့နှုတ်ခမ်းပါးအစုံ တင်းတင်းစိလိုက်မိတယ် Hyun ရဲ့အမိန့်တွေကပဲအရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိသည်တဲ့လား....
သူ့ကိုချီလာတဲ့လမ်းတစ်လျှောက် Hyun ဘာစကားတစ်ခွန်းမှမပြောပါ လမ်းကလဲမှောင်မဲနေသည်မို့ Hyun မျက်နှာကိုသဲသဲကွဲကွဲမမြင်ရ...အမှောင်ကြောက်တတ်သည့်သူ့အဖို့လည်း Hyun လည်ပင်းကိုသိုင်းဖက်ကာ မျက်လုံးစုံမှိတ်ငြိမ်ငြိမ်လေးသာလိုက်ပါလာခဲ့တော့တယ်
တစ်နေရာရောက်တော့ Hyun သူ့ကိုချပေးတယ်...ထိုင်ခုံတစ်ခုပေါ်မှာပေါ့...ဘေးကိုဝေ့ဝဲကြည့်မိတော့..အာ...သူ Hyun ကားပေါ်ရောက်နေတာပဲ...Hyun ကသူ့ဘေးမှာငြိမ်သက်စွာထိုင်နေလေရဲ့....
"H..hyun..."
".................."
Hyun ကိုကြည့်မိတော့ အဓိပ္ပါယ်မဲ့စွာအရှေ့ဘက်ကိုသာ စူးစိုက်ကြည့်နေတယ်...စူးရှရှ Hyun မျက်ဝန်းတွေငြိမ်သက်လို့နေလေရဲ့....Hyun တစ်ခုခုကိုစဉ်းစားနေတာပဲလား?ဒါမှမဟုတ်...ကိုယ့်စိတ်ကိုယ်အတတ်နိုင်ဆုံးထိန်းနေသည်လား?
အမှန်ဆုံးပြောရရင်ဒီအခြေအနေကို သူလုံးဝသဘောမကျပါ...Hyun သူ့ကိုဆူချင်ဆူ ရိုက်ချင်ရိုက်...ဘာပဲဖြစ်ဖြစ်သည်းခံနိုင်ပေမဲ့ အဲ့လိုဘာမှပြန်မပြောဘဲနေရင် သူစိမ်းဆန်သလိုကြီးခံစားရတယ်...အဲ့ခံစားချက်ကြီးကိုတကယ်မကြိုက်ဘူး...
YOU ARE READING
Endless(CAGE-2)
Fanfictionလှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မှာမဟုတ်လား??ချစ်တဲ့လှောင်အိမ်ပိုင်ရှင်လေးအတွက်ဖြစ်ဖြစ် သံကြိုးတွေနဲ့နာကျင်မှုကို ခင်မင်မိသည်က... (warning:*CAGE* series များတွင် Chanyeol uke သာရေးသားထားသည်) လှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မ...