Zawgyi>>>
"Yeol..."
နံရံကိုမှီကာဒူးလေးပိုက်ထိုင်နေသော yeol သူ့ကိုမော့ကြည့်လာသည် သူထမင်းသွားချက်နေလို့ကလေးလေးပျင်းလို့ထင်ပါရဲ့ yeol ဘေးမှာသွားထိုင်လိုက်တော့ပခုံးပေါ်မှီလာတဲ့သူ...
"ထမင်းစားတော့လေ?"
Yeol ခေါင်းလေးခါပြသည်...မစားချင်သေးဘူးဆိုတဲ့ပုံစံမျိုးလေး...
"အချိန်မှန်အစာစားရမယ်လို့မပြောထားဘူးလား yeol?"
"ဟုတ်.. ဟို...ကျွန်တော်စားပါ့မယ်"
အသည်းအသန်ဖြေရှင်းချက်ပေးလာတဲ့ကောင်လေး...သူ့ကိုအရိပ်တကြည့်ကြည့်နေတတ်တဲ့အပြင် ကြောက်တတ်လွန်းတာကခက်ပြန်ရော...ဆံပင်လေးတွေကိုဆွဲဖွလိုက်ရင်း...
"သွားရအောင်...ကိုယ်ထမင်းခူးပေးမယ်လေ"
"ဟင့်အင်း..ရပါတယ် Hyun အခုထိမနားရသေးဘူးလေ ခဏနားလိုက်နော်...."
အလိုက်သိတတ်လွန်းသောချစ်သူရဲ့စကားကြောင့်ပြုံးမိသည်...သူချစ်ရတဲ့ကလေးလေး လူကြီးဆန်နေပါလား?
Yeol ကိုနှစ်ရက်လုံးလိုက်ရှာထားရတာကြောင့် ပင်ပန်းနေပြီဖြစ်သောခန္ဓာကိုယ်ကိုအနားပေးရန် အိပ်ယာပေါ်လှဲချလိုက်သည်...မှေးစင်းနေသောမျက်လုံးများကို လွတ်လပ်ခွင့်ပေးလိုက်မိတော့တယ်...နှစ်ညလောက်မအိပ်ခဲ့ရတာလည်းအမှန်မဟုတ်ပေလား?
အဖြူရောင်မျက်နှာကျက်ကိုကျောခိုင်းပြီးနောက် အိပ်စက်ခြင်းဆီသို့....
**********************************
"Hyun ကျွန်တော်....."
Hyun အိပ်ပျော်နေသည်...ကျွန်တော်သိပ်ချစ်ရတဲ့သူက အရမ်းကိုဆွဲဆောင်နိုင်လွန်းတာဝန်ခံပါရစေ...နမ်းတိုင်းဖိကိုက်တတ်သောထိုသွားချွန်ချွန်လေးတွေအား နှုတ်ခမ်းပါးတို့ဖြင့်ဖုံးကွယ်ထားသည်...အိပ်နေသည်ကိုတောင် smart ကျစေသည်ကလက်နှစ်ဖက်ကိုပိုက်ထားခြင်း...ချောရက်လိုက်တာ Hyun ရယ်...
Hyun ဘေးသွားထိုင်ကာ မျက်နှာချောချောကိုထိတွေ့မိသည်...ဟင်!!Hyun ကိုယ်တွေပူနေတာလား?သေချာစမ်းကြည့်တော့လည်း Hyun ကိုယ်တွေပူနေတာအမှန်... မဟုတ်မှ..သူဖျားနေပြီလား?
YOU ARE READING
Endless(CAGE-2)
Fanfictionလှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မှာမဟုတ်လား??ချစ်တဲ့လှောင်အိမ်ပိုင်ရှင်လေးအတွက်ဖြစ်ဖြစ် သံကြိုးတွေနဲ့နာကျင်မှုကို ခင်မင်မိသည်က... (warning:*CAGE* series များတွင် Chanyeol uke သာရေးသားထားသည်) လှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မ...