Zawgyi>>>
Baekhyun ခေါ်တာမို့ luhan ရောက်လာရသည်...သူ့ကြောင့်မှန်းသိသွားတာမို့ အမြန်ပြေးလာရသေးတယ် ဒီကိစ္စပေါ့သေးသေးမှမဟုတ်တာ...ဟိုရောက်တော့ကုတင်ပေါ်ခေါင်းငိုက်စိုက်လေးထိုင်နေတဲ့ yeol နဲ့သူ့ဘေးကထိုင်ခုံမှာထိုင်နေတဲ့ Baekhyun...
"Hyung..."
Luhan မချိပြုံးသာပြုံးပြလိုက်မိသည် chanyeol ကတော့သူ့ကိုလုံးဝမော့မကြည့်လာခဲ့...မဟုတ်သေးဘူး မော့မကြည့်ရဲတာဆိုပိုမှန်လိမ့်မယ် Baekhyun ကိုကောင်လေးဘယ်လောက်ကြောက်မှန်းသူအသိပဲလေ...
ကောင်လေးကျောပြင်ကဒဏ်ရာတွေကလဲ အရမ်းမဟုတ်ရင်တောင် တော်တော်အခြေအနေဆိုးသည်လေ...နီနီအစင်းကြောင်းတွေမှာ သွေးစတွေရဲနေပါရောလား...
ဟူး...တောင်းပန်ပါတယ် ကောင်လေး...
စိတ်ထဲကသာတီးတိုးရေရွတ်မိသည် တကယ်တမ်းသူပြောလိုက်မိရင် ကောင်လေးအတွက်ပိုဆိုးစေမှာမဟုတ်လား...
"ရပြီ...ကလေးကိုဂရုစိုက်နော် ဒဏ်ရာကအခန့်မသင့်ရင် ပိုးဝင်ပြီးဖျားတတ်တယ်"
"အင်း "
"Ah...Baekhyun ah...ဟိုနေ့ကလေ...chanyeol အပြစ်မဟုတ်ပါဘူး hyung ချစ်သူပေးထားတာမို့လာယူရင်းနဲ့..."
"အင်း...yeol ပြောပြီးပါပြီ hyung"
"အင်းပါ မင်းတို့အဆင်ပြေရင်ပြီးတာပဲလေ အာ့ဆို hyung သွားတော့မယ်နော် အပြင်မှာအသိတစ်ယောက်စောင့်နေလို့"
"ဟမ်"
Baekhyun မျက်နှာပျက်သွားသည်...အကြောင်းကအခြားသူတစ်ယောက် သူတို့အိမ်ကိုသိသွားတာလား?ဟုတ်ပါတယ်...ငှက်ငယ်လေးနဲ့ပက်သက်တဲ့ အရာအားလုံးက သူ့အတွက်အရေးကြီးလွန်းတာမို့ Moonlight အိမ်တော်နားကို အိမ်စေတွေကလွဲပီးကပ်ခွင့်တောင်မရှိခဲ့တာပဲကို...
"Ah...သူကကားပေါ်မှာပါ...ပြီးတော့သူဘာမှမသိပါဘူး"
"သေချာလို့လား hyung?"
"Omm သူက Seoul မှာနေတာပါ Tokyo မှာလျှောက်လည်ချင်လို့ hyung လိုက်ပို့ပေးလိုက်တာ"
"သြော်"
Baekhyun စိတ်ထဲဘဝင်မကျလှပါ...seoul ဆိုရင်ဘာကိုမှ မကြားချင်မသိချင်တော့တာအမှန်...yeol ရဲ့အဖေ ကလက်မလျော့သေးဘူးလေ သူ yeol ကိုဘယ်လောက်ချစ်မှန်းသိတာမို့ သူဒီလိုအေးဆေးနေနိုင်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုပြီးဆက်ရှာနေတုန်းပဲ...
YOU ARE READING
Endless(CAGE-2)
Fanfictionလှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မှာမဟုတ်လား??ချစ်တဲ့လှောင်အိမ်ပိုင်ရှင်လေးအတွက်ဖြစ်ဖြစ် သံကြိုးတွေနဲ့နာကျင်မှုကို ခင်မင်မိသည်က... (warning:*CAGE* series များတွင် Chanyeol uke သာရေးသားထားသည်) လှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မ...