Zawgyi>>>
တောင်တန်းတစ်ခုကြိုက်သလောက်မြင့်ပါစေ တကယ်တမ်းသူဟာ တိမ်တွေရဲ့စောင့်ကြည့်မှုက မှရုန်းမထွက်နိုင်ခဲ့တာပဲ...
ပင်လယ်ကြီးကြိုက်သလောက်ကျယ်ပြန့်ပါစေ တကယ်တမ်းသူဟာ ကောင်းကင်ကြီးရဲ့လောင်းရိပ်အောက်က လွတ်ထွက်သွားနိုင်ခွင့်ဆိုတာမှမရှိဘဲ...
စမ်းချောင်းကလေးကြိုက်သလောက်လှပပါစေ တကယ်တမ်းသူ့ရဲ့အလှကို ဖော်ကျူးထားတာနံဘေးနားက အကာအရံတောင်တန်းတွေမို့လို့...
ဒါကြောင့်မို့ငှက်ငယ်လေးရေ...ရူးမိုက်စွာဖမ်းချုပ်ထားတယ်ဆိုတာ ကိုယ်မပိုင်ဆိုင်ရလို့မဟုတ်ဘူးနော်...
ကိုယ်ကလွဲပီး အခြားသူမမြင်စေချင်လို့လေ ...Laptop ကိုဖွင့်ကာ တစ်စုံတစ်ခုအားရိုက်နှိပ်ဖွင့်လိုက်သည်...မျက်ဝန်းတစ်စုံ...တစ်နည်းအားဖြင့် မိမိထက်ပိုသာလွန်နိုင်တဲ့ ငှက်ငယ်လေးကိုစောင့်ကြည့်ဖို့ အကောင်းဆုံးမျက်ဝန်းတစ်စုံ...
CCTV... ထိုထဲမှာပုံရိပ်လေးတစ်ခုသာ အလှပဆုံးမြင်နိုင်သည်က သူထွက်သွားတဲ့အချိန်တိုင်း ကောင်လေးနေရာကမရွေ့ဘဲ ငုတ်တုတ်ထိုင်ကာဟိုကြည့်သည်ကြည့်...
ဘာအလုပ်မှမရှိတာမို့ပျင်းလို့နဲ့တူပါရဲ့...ပန်းချီကားအချို့ဆွဲနေပြန်ရော...ထိုပန်းချီကားလေးတွေဟာလဲ သံပတ်ပေးထားသလို တစ်ဦးတစ်ယောက်တည်းရဲ့ပုံ...ကျွန်တော့်ရဲ့အမူအရာအမျိုးမျိုး ကိုအစုံဆွဲတတ်သည်မဟုတ်ပါလား...
ခဲတံလေးမှခြစ်ရာတွေက အသက်ဝင်စေရန်ပိုမိုဆွဲဆောင်နေပြန်သည်...ပန်းချီကားထက် ဆွဲနေသူလေးကသာ ပိုမိုထင်ရှားနေတာက သူ့မျက်ဝန်းရဲ့မြင်ကွင်း....
1ရက်....
2ရက်...
3ရက်...
ရက်ပေါင်းများစွာကြာသည်အထိပြောင်းလဲမှုမရှိခဲ့သည်က ငှက်ငယ်လေးရဲ့လှုပ်ရှားမှု...မိမိမှာထားသည့်အတိုင်းအပြင်လောကကို တစ်စက်ကလေးတောင်လှည့်မကြည့်ခဲ့သလို ခြေထောက်နုနုမှသံကြိုးကိုလည်း ဖြတ်ပစ်ဖို့ကြိုးစားခဲ့ပုံမရပါ....လှပစွာပေါ်လာတဲ့ သူ့နှုတ်ခမ်းပါးမှအပြုံးတစ်ပွင့်...
YOU ARE READING
Endless(CAGE-2)
Fanfictionလှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မှာမဟုတ်လား??ချစ်တဲ့လှောင်အိမ်ပိုင်ရှင်လေးအတွက်ဖြစ်ဖြစ် သံကြိုးတွေနဲ့နာကျင်မှုကို ခင်မင်မိသည်က... (warning:*CAGE* series များတွင် Chanyeol uke သာရေးသားထားသည်) လှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မ...