5

9K 385 2
                                    

Zawgyi>>>

လွတ်လပ်စွာလွင့်မျောနေသော သစ်ရွက်ကြွေအချို့အား အားမကျလိုပါ...သစ်ပင်ကြီးရဲ့ဝေးရာဆီကို အကြင်နာမဲ့စွာပြေးထွက်ကြလေသလား....

လေပြေခေါ်ဆောင်ရာလွင့်မျောရင်း ပျော်ရွှင်နေချိန်သစ်ပင်လေးအထီးကျန်စွာ ကျန်ရှိခဲ့သည်ကိုသူတို့မသိနိုင်ချေ....

လှိုင်းတွန့်လှလှလေးတွေကိုမြတ်နိုးမိသည်...ကြီးမားတဲ့ပင်လယ်ပြင်ကြီးကို အရှိန်ပြင်းစွာဖြတ်သန်းရင်း ကမ်းစပ်လေးရှိရာဦးတည်ပြီး ပြေးလာတတ်ကြသည်မဟုတ်ပါလား...

သစ္စာရှိစွာကျိန်တွယ်ရပါလျှင် ထိုသူမှတစ်ပါးနားခိုရာမရှိသည်က နှလုံးသားရဲ့အဓိဋ္ဌာန်တစ်ခုလို...

ဒါကြောင့်မို့ချစ်ရသူရေ...ခင်တွယ်မှုဆိုတာရဲ့နောက်ကွယ် နက်နဲတဲ့ချစ်ခြင်းတွေကိုမင်းသိနိုင်ရင် သိပ်ကောင်းမှာပဲနော်...မဟုတ်ဘူး...မင်းသိနိုင်မှာပါ...

"Yeol ah... အသည်းယားအောင်မလုပ်နဲ့ကွာ "

သူ့စကားကြောင့် ပါးစပ်လေးဟကာမော့ကြည့်လာပြန်သည်...ချစ်စရာအကောင်းဆုံးလူသားတစ်ယောက်လို့ ရင်ခွင်နှင့်အပြည့်တင်စားချင်မိပါ၏...

"ကျွန်တော်ဘာလုပ်မိလို့လဲဟင်?"

"မင်းဘာပဲလုပ်လုပ်အသည်းယားနေတာ ကိုယ်ဘယ်လိုလုပ်ရမလဲ?"

"မ..မသိဘူးလေ"

ခေါင်းလေးကုတ်ကာ အူကြောင်ကြောင်ပုံစံလေးနဲ့ ပြောလာပြန်တော့လည်း ဖြူစင်ညွန်းသူလေးအား ပို၍အချစ်တိုးရပြန်သည်...

စိတ်မထိန်းနိုင်စွာနှုတ်ခမ်းပါးလေးအား ခပ်ပြင်းပြင်းစုပ်ယူမိတော့ ကလေးလေးလက်ကသူ့အင်္ကျီစမှာ...ဘာလို့ဒီလောက်ထိချစ်စရာကောင်းနေမှန်း နားမလည်နိုင်တော့ပေ...

"အဟမ်း "

ချောင်းဟန့်သံတစ်ခုကြောင့် လူချင်းခွာကာကြည့်မိတော့ ငှက်ငယ်လေးကိုတွေ့ခွင့်ရတဲ့ ကံအကောင်းဆုံးလူတစ်ယောက်ဖြစ်တဲ့ luhan hyung...

"ဘာကိစ္စလဲ hyung?"

လှောင်အိမ်ငယ်အခန်းလေးထဲ အတားဆီးမရှိဝင်ရောက်နိုင်တဲ့ luhan hyung ကခပ်တည်တည်ပင်...သူ့ဆေးအိတ်ကိုထုတ်ကာ...

Endless(CAGE-2)Where stories live. Discover now