Zawgyi>>>
"အဲ့တာဆိုမင်းပြောတာက..."
"အင်း ငါစဉ်းစားမိတာတော့အဲဒါပဲရှိတယ်"
Chen စကားကို Baekhyun နားလည်ဟန်ခေါင်းငြိမ့်ပြသည်...သို့သော်...ဒါကဖြစ်သင့်ရဲ့လား?ရေရှည်အတွက်ရောကောင်းနိုင်ပါ့မလားဆိုတာ တွေးတောနေဆဲ...
"Chen ပြောတာငါထောက်ခံတယ် မဟုတ်ရင် chanyeol ကဒီကမ္ဘာပေါ်မှာနာမည်တောင်မရှိဘဲ တစ်သက်လုံးနေသွားရမှာပေါ့"
Luhan hyung ပြောတာလည်းမှန်နေသည်မို့ Baekhyun သူတို့နှစ်ယောက်ကိုတစ်ချက်ကြည့်ကာ
Baekhyun-"ဒါပေမဲ့ yeol ကိုအခြားတစ်ယောက်အဖြစ်ပြောင်းဖို့ဆိုတာက..."
Chen-"အဲ့ကိစ္စငါ့တာဝန်ထား...အဲ့ဒါကြောင့်ဒီနေ့ကစပြီး chanyeol က Ren ဖြစ်သွားပြီလို့သာမှတ်လိုက်"
Baekhyun-"ဒါနဲ့ yeol အဆင်ပြေနိုင်ပါ့မလား?"
Luhan-"မင်းမသိဘူးလား Baekhyun? Chanyeol ရဲ့ကမ္ဘာမှာမင်းနဲ့ chanyeol ဆိုတဲ့အမည်နာမလေးတစ်ခုပဲကျန်တော့တာလေ Park မိသားစုရဲ့တစ်ဦးတည်းသောသား Park chanyeol ဆိုတာထက်စာရင် Ren ဆိုတဲ့မိဘမဲ့ကောင်လေး... Byun baekhyun ရဲ့ယောကျာ်းဖြစ်သူဆိုတာက သူ့အတွက်ပိုကောင်းမှာပါ"
Baekhyun သက်ပြင်းသာချသည် chen ပြောတဲ့နည်းလမ်းကအကောင်းဆုံးဆိုတာသူသိနိုင်သည် yeol ကို Ren ဆိုတဲ့သူအဖြစ်ပြောင်းလဲကာ chanyeol ကိုသေဆုံးစာရင်းသွင်းခဲ့သည် ဒါကြောင့် Park မိသားစုနဲ့လည်းထပ်ပြီးပက်သက်စရာအကြောင်းမရှိတော့ပါ...
"ညနေတရားရင်ဆိုင်ဖို့ရှိသေးတယ်မလား?"
" ဒီနေ့နောက်ဆုံးပဲ"
"အဲ့တာဆို Tokyo ကိုလေယာဉ်လတ်မှတ်နှစ်စောင်စီစဉ်ပေးထားပါလား chen"
"မင်းတို့ပြန်တော့မှာလား?"
"အင်း မနက်ဖြန်..."
Chen ခေါင်းသာငြိမ့်ပြသည် baekhyun seoul မှာနေရတာမကြိုက်မှန်းသိသည် အကြောင်းက park မိသားစုရှိနေ၍..
"အဲ့ဒါဆိုငါစီစဉ်ထားလိုက်မယ်လေ"
" ငါစိတ်ချမယ်နော်"
Baekhyun အဝေးတစ်နေရာကိုလှမ်းကြည့်လိုက်သည် ဒီနေရာနဲ့အဝေးဆုံးကိုထွက်သွားမယ် ဘယ်တော့မှပြန်လာမှာမဟုတ်ဘူး...ပထမဆုံးတွေ့ဆုံခဲ့တဲ့ Moonlight အိမ်တော်မှာပဲ အဆုံးသတ်ထိရှင်သန်သွားကြမယ် yeol...
YOU ARE READING
Endless(CAGE-2)
Fanfictionလှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မှာမဟုတ်လား??ချစ်တဲ့လှောင်အိမ်ပိုင်ရှင်လေးအတွက်ဖြစ်ဖြစ် သံကြိုးတွေနဲ့နာကျင်မှုကို ခင်မင်မိသည်က... (warning:*CAGE* series များတွင် Chanyeol uke သာရေးသားထားသည်) လှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မ...