Zawgyi>>>
ငှက်ငယ်လေးရဲ့သီချင်းဆိုသံလေးက အသာယာဆုံးတေးသွားတစ်ပုဒ်ဆိုရင် ကျွန်တော့ချစ်တဲ့သူဟာတော့ တန်ဖိုးအရှိဆုံးနဲ့ချစ်စရာအကောင်းဆုံး လူသားတစ်ယောက်ဖြစ်နိုင်လိမ့်မယ်...
မနာကျင်ပါနဲ့ကောင်လေးရေ....အကြိမ်ကြိမ်အခါခါ တောင်းဆိုချင်မိပေမဲ့ တကယ်တမ်းနာကျင်စေခဲ့တာ ကိုယ်ဖြစ်နေခဲ့တယ်လေ...
ငိုရလွန်း၍နီရဲနေသော နှာခေါင်းလုံးလုံးလေး...ဖောင်းအစ်နေသောမျက်ခွံမို့မို့လေးမှ မျက်ရည်တွေဝဲကာစိုက်ကြည့်ခဲ့တဲ့ အသနားခံမျက်ဝန်းလေးတွေကို မြင်ယောင်လာမိသလို....
ခပ်တင်းတင်းဖိကိုက်ထားတဲ့ နှုတ်ခမ်းပါးရဲရဲလေးသွေးတွေစို့နေတာ သူ့ကြောင့်တဲ့လား?
ဟုတ်ကဲ့...စကားလေးတစ်လုံးသာပြောပြီး အဆုံးထိကျွန်တော်စကားနားထောင်တဲ့သူဟာ နှုတ်ခမ်းပါးလေးကိုတင်းတင်းစိထားတယ်လေ...အခုတော့ရှိုက်သံလေးတွေထွက်နေပါလား ကောင်လေးရယ်....
ချစ်စရာအကောင်းဆုံး ကောင်လေးရဲ့မနက်ခင်းအချိန်ကို နာကျင်မှုတွေနဲ့အတူသူဖျက်ဆီးခဲ့တာလား?အလှဆုံးပန်းချီကားလေးကို စူးစိုက်စွာကြည့်နေစဉ်လွန့်လူးလာတဲ့ ကျွန်တော့်ချစ်သူလေး....
နည်းနည်းလှုပ်လိုက်တော့သူ မျက်နှာလေးရှုံ့မဲ့သွားတယ် နာကျင်မှုတွေကသူ့ထံ ရက်စက်စွာအုပ်စိုးနေလေလျော့သလား?
"Yeol ah "
ကျွန်တော့်ကိုမြင်တော့သူခေါင်းလေးငုံ့သွားတယ် သူကြောက်နေခဲ့မှာ...ကျွန်တော်တကယ်မကောင်းတဲ့သူပဲ လို့အမှားကိုသုံးသပ်မိတိုင်း အတ္တတွေကအလိုက်ညီတိုးနေခဲ့တာ ဘာလုပ်သင့်လဲ?
"Yeol ခေါင်းမော့ကွာ..."
"ဟု..ဟုတ်"
မော့ကြည့်လာတဲ့ထိုကောင်လေးမျက်ဝန်းမှာ စိုးရိမ်မှုအချို့ပါနေကြောင်းသိရှိနိုင်သည်...ဘာတွေစိုးရိမ်နေရတာလဲ ကိုယ့်ရဲ့ကလေးလေးရယ်....
စိုက်ကြည့်နေတုန်းမှာပဲ သူ့ပါးပြင်ထက်ကျရောက်လာတဲ့ ပူနွေးနွေးအထိအတွေ့တစ်ခုက ကလေးလေး၍လက်လှလှလေးတွေပါတဲ့လား....
YOU ARE READING
Endless(CAGE-2)
Fanfictionလှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မှာမဟုတ်လား??ချစ်တဲ့လှောင်အိမ်ပိုင်ရှင်လေးအတွက်ဖြစ်ဖြစ် သံကြိုးတွေနဲ့နာကျင်မှုကို ခင်မင်မိသည်က... (warning:*CAGE* series များတွင် Chanyeol uke သာရေးသားထားသည်) လှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မ...