Zawgyi>>>
Baekhyun အိမ်ရှေ့တွင်ကားထိုးရပ်လိုက်ကာ Yeol ဆင်းဖို့ကားတံခါးဖွင့်ပေးလိုက်တော့ ကြောင်အအလေး ကြည့်နေပြန်သည်...
"ဆင်းလေ"
"အာ...ဟုတ်"
Chanyeol ကားပေါ်ကဆင်းဆင်းချင်း Hyun ကလက်ကိုဆုပ်ကိုင်လာတာမို့ ရင်ထဲလှိုက်ဖိုသွားသည်...ကျွန်တော်သိပ်ချစ်ရသည့်သူ ဘယ်တုန်းကများသည်လောက်တောင် နူးညံ့တတ်သွားသည်လဲ??
"Baekhyun ah"
Chen hyung ၏ခေါ်သံဖြစ်သည်...ဘေးအိမ်မှထွက်လာသော chen hyung မျက်နှာသိပ်မကောင်းချင်...
သူ့ကိုလဲတစ်ချက်သာကြည့်ကာ မြန်မြန်အကြည့်လွှဲလိုက်သည်
"Yeol အိမ်ပေါ်တက်နှင့်"
"ဟုတ်"
Hyun စကားကြောင့် သူနားထောင်တတ်စွာအိမ်ပေါ်ပြန်တက်လာခဲ့သည် ပြတင်းပေါက်ကကြည့်ပုံအရတော့ Hyun နဲ့ chen အေးအေးသာစကားပြောနေကြခြင်း...
ခဏကြာတော့ Hyun အိမ်ထဲပြန်ဝင်လာတယ် သူတို့ဘာပြောခဲ့ကြလဲ Yeol မသိပါ...သူသိတာ Hyun ဒေါသထွက်မှာကြောက်သည်...
"Hyun..."
"ဘာလုပ်နေတာလဲ?"
"အာ....Hyun ကိုစောင့်နေတာ"
"အော်...လာလေ"
ထို့နောက်မှသူ့လက်ကိုပြန်လည်ဆုပ်ကိုင်ကာ အခန်းထဲဝင်လာတဲ့ Hyun ရယ်...chanyeol မှာတော့ Hyun ကိုခဏခဏကြည့်ရင်း စိုးရိမ်နေရလေသည်
အခန်းထဲရောက်တော့လည်း ဘာတစ်ခွန်းမှမပြောဘဲကုတ်ကိုချွတ်ကာ ချိတ်နေတဲ့ Hyun ကိုအရိပ်တကြည့်ကြည့် နေမိရုံမှအပါး...
"Yeol ဘာဖြစ်နေတာလဲ?"
"ဗျာ ?"
"ကိုယ့်ကိုလိုက်ကြည့်နေတာလေ ဘာဖြစ်လို့လဲ?"
"အာ...ဟို...အဲ့တာက..."
မဝံ့မရဲလက်လေးနှစ်ဖက်ကိုယှက်ကာ ခေါင်းငုံ့ထားသောကောင်လေးကြောင့် Baekhyun အနားကိုလျှောက်သွားကာ နှုတ်ခမ်းပါးလေးအားဖိကပ်နမ်းရှိုက်လိုက်သည်...
ရုတ်တရပ်မို့ကြောင်အသွားသော်လည်း ပြန်လည်ဖက်တွယ်လာတဲ့ Yeol လက်ကလေးတွေ...သူ့အနမ်းကြမ်းတွေကြောင့် အသက်ရှုကြပ်နေသော်လည်း တွန်းမထုတ်ရဲဘဲငြိမ်နေရှာတဲ့သူလေးရယ်...
YOU ARE READING
Endless(CAGE-2)
Fanfictionလှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မှာမဟုတ်လား??ချစ်တဲ့လှောင်အိမ်ပိုင်ရှင်လေးအတွက်ဖြစ်ဖြစ် သံကြိုးတွေနဲ့နာကျင်မှုကို ခင်မင်မိသည်က... (warning:*CAGE* series များတွင် Chanyeol uke သာရေးသားထားသည်) လှောင်အိမ်ဆိုတာ ချုပ်နှောင်ခံရသူရှိမှလှပနိုင်မ...