Ep 13

5.1K 348 5
                                    

♡ ♡ Let Me In♡ ♡
           Ep 13

Chanyeol ကို သီးသန့်​လူနာ​ဆောင်​ကို ပို့လိုက်​တယ်​....

Kris : Bae မငိုပါနဲ့​တော့ Bae က ငို​နေ​တော့ chanyeol ဘယ်​အားရှိမှာလဲ.....

လှဲ​နေရင်​ သက်​သာမယ်​ထင်​​ပေမယ့်​ ​ကျော်​ရိုးကအထိမခံနိုင်​တာနဲ့ ကုတင်​မှာ မှီပီး​နေရတယ်​ တကိုယ်​လုံးလည်း နာလို့တုန်​​နေတယ်​.... နည်းနည်းမှ မလှုပ်​နိုင်​​လောက်​​အောင်​ အားလုံးဝမရှိဘူး.... ဒါမယ့်​ ​ခေါင်းထဲမှာ အ​တွေးတခုပဲရှိတယ်​.....
Baek အတွက်​.... Baek အပြုံးတွက်​.... Baek ရဲ့ ​ပျော်​ရွှင်​မှုအတွက်​...... အ​သွေးအသား​တွေဖစ်​တည်​မှုက Baek အတွက်​.....

Kris: Chanyeol အရမ်းနာ​နေလား နာ​နေမှာပါ.... မင်း ဆက်​မလုပ်​ဘဲ ​နေလို့မရဘူးလား တစ်​ကြိမ်​​တော့ အဆင်​​ပြေ​ပြေပီးသွာ​ပေမယ့်​... မင်း ခံနိုင်​ရည်​ရှိပါ့မလား.... မင်း ​သေချာစဉ်းစား​နော်​...

Chanyeol မျက်​လုံးကိုသာမှိတ်​ထားတယ်​ ပြန်​မ​ပြောချင်​ဘူးဆိုတာထက်​ စကား​ပြောဖို့​တောင်​ အင်​အားမရှိလို့ပါ...

Kris အလိုက်​သိစွာ.... Chanyeol ယူလာတဲ့အရုပ်​​လေးနှစ်​ရုပ်​ .ာလွန်​ခဲ့တဲ့တစ်​ပတ်​လုံး Baek နဲ့ chan ဆိုပီး သူအမြဲ စကား​ပြော​နေတဲ့ အရုပ်​​လေးနှစ်​ရုပ်​ သူ့​ဘေးမှာ ချထား​ပေးလိုက်​တယ်​.....

Tao ကို​တော့ Chanyeol နဲ့ တစ်​ခန်းတည်​ထား​ပေးထားတယ်​ Baek တို့က Tao ကိုလာကြည့်​ရင်​ chanyeol အနည်းဆုံး သူ့ချစ်​ရတဲ့သူအသံ​လေးကြားရ​အောင်​ပါ..... Tao ကိုပါ လူနာဝတ်​စုံဝတ်​​ပေးထားရတယ်​....

Baek ဆေးသွင်း​ပီး​တော့ ​ကျေးဇူးတင်​ချင်​တယ်​ဆိုပီး Tao စီလာတယ်​.... Tao က ကုတင်​​ပေါ်မှာ စာချင်​တာ​တွေစားပီး အိပ်​​နေတယ်​...... Kris က​တော့ Yeol နားမှာ အစစအရာရာလုပ်​​ပေး​နေတယ်​....

ဒေါက်​ ​ဒေါက်​....

Baek : Tao shi အိပ်​​နေတာလဲ....

Chanyeol Baek အသံကြား​တော့ မျက်​လုံးဖွင့်​လာပီး Kris ကို လှမ်းကြည့်​တယ်​ Baek လား ဆိုတဲ့ မျက်​ဝန်းမျိုးနဲ့.... Kris ​ခေါင်းငြိမ့်​ပြလိုက်​တယ်​....

Let Me In Where stories live. Discover now