5⃣

9.1K 1.1K 156
                                    

Unicode

ကားထဲတွင် နွေးနေသောအပူလှိုင်းတို့စီးဆင်းနေသလို...ကားအင်ဂျင်သံတိုးတိုးလေးသာကြား
နေရ၏..

လည်ပင်းကို ကားမောင်းနေသောသူနှင့်ဆန့်ကျင်
ရာတစ်ဖက်ကိုစောင်းထားပီး သွားရာလမ်းတစ်လျှောက်မှောင်ပျပျနဲ့ လမ်းဘေးက မီးတိုင်တစ်ချို့ကြောင့် တစ်ချက်လင်း တစ်ချက်မှိန်သွားတဲ့ လမ်း မဘေးကိုငေးမိတယ်...

တစ်ချက်တစ်ချက် ကျတော့်မျက်လုံးက ကားစတီယင်တိုင်ပေါ် က သူ့လက်ချောင်းတွေဆီ
ကိုရောက်ရောက်သွားမိတာကို သတိထားမိတယ်..

လက်သည်းခပ်ကြီးကြီးနှင့်ပန်းရောင်သန်းနေသော
ယောကျ်ားပီသတဲ့ လက်ချောင်းတွေက.....

ဟင်...ငါဘာတွေတွေး.....

လမ်းဘေးကိုပြန်ငေးမိတယ်...

ပီးနောက်...သူ့ရဲ့လက်ကောက်ဝတ်ပေါ်က ဒိုင်ခွက်
အပြာရောင်နှင့် နာရီဆီသို့မျက်လုံးကရောက်သွား
ပြန်တယ်....

ဒိုင်ခွက်ကြီးတဲ့နာရီတွေက ယောကျ်ားပီသတဲ့သူ့
လက်ကောက်ဝတ်နှင့်မှလိုက်ဖက်တာ..ကျတော့်
လက်ကောက်ဝတ်နဲ့ဆို လိုက်ပ့မလား...?

ဟင့်အင်း...လမ်းဖက်ကို ပြန်ငေးမယ်..Byun...

မီးပွိုင့်မိလို့ ဘရိတ်ကိုနင်းကာကားတန့်ကနဲရပ်သွားသော တစ်ခန...
ကျတော့်မျက်လုံးတွေက အောက်ဖက်ကိုအလိုလို
ရောက်သွားပြန်တယ်...
ကားဘရိတ်ပေါ်ကပြောက်လက်နေသော Leather ဖိနပ်သည် နီညိုရောင်...

ကိုယ့်ခြေထောက်ကိုပြန်ကြည့်မိတော့ အဖြူရောင်
ရှူးဖိနပ်လေးသည် မျက်နှာငယ်စွာ...

ကျတော်ဆိုရင်ကော ကားဘရိတ်ကိုနင်းရင် ထိုကဲ့သို့ စမတ်ကျနိုင်မလား...

Byun Baekhyun..မင်းတော့ရူးနေပီ...

အဲ့ဖက်က လူကြီးနဲ့ ကိုယ့်ကိုကိုယ်ဘာတွေယှဉ်နေ
မိတာလဲ...

အရာရာ ပြည့်စုံခြင်းဟူသော ဘောင်အတွင်းကို ငေးမောနေမိတာလား..
အိမ်ပြန်နောက်ကျမည်ကို မေ့ထားရင်းလေ...

ကောင်းပါပေတယ်..သိပ်ကိုကောင်းတယ်..
Baekhyun...

ကိုယ့်ကိုယ်ကို အမြင်ကတ်လိုက်တာဆိုတာလေ
ပြောမပြတတ်အောင် နှုတ်ခမ်းကိုကိုက်ထားရင်း
ပေါင်ကိုဆွဲဆိတ်လိုက်မိ၏..

BoyFriend Material ||CHANBAEK|| (Zawgyi+Unicode)Where stories live. Discover now