6⃣

9.8K 1.1K 199
                                    

Unicode

"Baekhyun မင်း ဘယ်လိုသဘောရလဲ.."

ချွင်...

ရှေ့ သွား လေးနှစ်ချောင်းနှင့် အောက်ကသွားက
လေး ညှပ်ကာ ကိုက်ထားသော ငွေရောင်ဇွန်း
ကလေး ကြွေပြားပေါ်သို့ ပြုတ်ကျသွားလေသည်

"ဒီမှာ...ကျတော်တို့ဝိုင်းကိုဇွန်းအသစ်တစ်ချောင်း
လောက်..."

JongDae က ပြုတ်ကျသွားတဲ့ဇွန်းကို ကောက်
ကာ စားပွဲထိုးမှလေးကို အားနာပြုံးလေးနှင့်
ဇွန်းနောက်တစ်ချောင်းတောင်းပေးတယ်...

JongDae က ဒီလိုကျတော့ ယောကျ်ားပီသ
တဲ့ လူကြီးလူကောင်းတစ်ယောက်နဲ့တူသလိုလို...
ကျတော့်ထက်အသက်ကြီးတဲ့ Hyung တစ်ယောက်ဖြစ်သွားသလိုမျိုး...

"Yah..Byun Baekhyun မင်းဘယ်လိုစားနေ
တာလဲ...ကလေးမဟုတ်သူငယ်မဟုတ်...ဇွန်းကို
အဲ့လိုစုပ်ပီးစားမနေနဲ့ဟ...ကုန်သွားရင်ငါနောက်တစ်ပွဲဝယ်ပေးမယ်.."

"မဟုတ်ပါဖူး..နည်းနည်းအတွေးလွန်နေလို့ပါ..."

"အေး..ထင်တယ်..မင်းတအားကြိုက်လှပါပီရဲ့
ဆိုတဲ့ ရေခဲမုန့်ကိုတောင် အားရပါးရ မစားနိုင်
ဘူး...မင်းဘာဖြစ်နေတာလဲ...အာ..ငါအရင်မေးတာလဲ..ဖြေအုံး..ဘယ်လိုသဘောရလဲ.."

"ဘာကိုလဲ..Dae.."

လျှာဖျားထဲကို စိမ့်ဝင်သွားသော စတော်ဘယ်ရီ
အရသာ အေးသက်သော ရေခဲမုန့်လေးသည်
ကျတော်အကြိုက်ဆုံး သရေစာတစ်ခုဖြစ်သည်...

အခုတော့ အရသာမခံစားရပဲ..အေးသည်ဟူသော
အထိအတွေ့ကိုသာ လျှာကခံစားနေရသည်..

"ဟော...အဆောင်နေဖို့ပါဆို... ငါက အိမ်က မားမား နားပွမ်တာမခံစားနိုင်တော့ဖူးလေ..
အဲ့တာကြောင့် အဆောင်နေမယ်ပြောလိုက်တာ..
အခု ပါးပါးက ငါ့ကို ခွင့်ပြုပီရယ်...
ငါတစ်ယောက်တည်း ဆိုပျင်းလို့..မင်းရောမနေ
ချင်ဖူးလား...မင်းနေတဲ့နေရာထပ်စာရင် အဆောင်
နေရာကတော့ ကျောင်းနဲ့နီးတယ်ကွ..."

Dae မေးတာက ရှင်းရှင်းလေးပေးမယ့် နဂိုတည်း
ကရှုပ်နေသော ကျတော့်စိတ်များတအားရှုပ်ထွေး
သွားတော့၏..

JongDae ကဘာများစတန့်ထွင်ရပြန်တာလဲ...
မွေးကတည်းက အခု တက္ကသိုလ်ဒုတိယနှစ်ရောက်
တဲ့အထိ မိဘအိမ်မှာပဲနေခဲ့ စားခဲ့ သောက်ခဲ့ ပီးတော့မှ အခုမှ ဘာကိုအဆောင်လဲ...

BoyFriend Material ||CHANBAEK|| (Zawgyi+Unicode)Where stories live. Discover now