1⃣3⃣

6.4K 1K 157
                                    

Unicode

အေးမြလှတဲ့ လေတံခွန်တစ်ခုက တောင်တွေကြား
မှ သူတို့နှစ်ယောက်ကြား ဖြတ်သန်းသွား၏..

စိမ်းလဲ့လဲ့ တောင်နံရံတွေရယ်...ကျီကျီကျာကျာ
တေးဆိုငှက်တွေရယ်...မြေနီလမ်းဘေးကချယ်ရီ
တွေရယ်...

မြို့ပြလေထုနှင့် မတူခြားနားလွန်းသော လတ်ဆတ်
သည့် လေညှင်းက လူရဲ့စိတ်ကို အေးချမ်းသွားစေ
၏..

ကျဲ့ဖြန့်ထားသကဲ့သို့ မြေပြင်ပေါ်အလူးအလဲကျနေ
သော ချယ်ရီပွင့်ဖက် ပန်းနုရောင်ဆွေးဆွေးလေး
တွေက ခြေတလှမ်းတိုင်းကပ်ပါလာသယောင်...

မြောက်ဆွဆွနဲ့ သွားနေသော ကျောပြင်လေးကို
ကြည့်ရင်း လက်နောက်ပစ်ကာ ခပ်ပြုံးပြုံးဖြစ်နေမိ
သည်...

ရှူးဖိနပ်အဖြူရောင်လေးရဲ့ ခြေဖဝါးဖက်မှ မျက်နှာပြင်တွင် ကပ်တွယ်နေသော ချယ်ရီတွေကို
မြင်လိုက်တော့...

" ချစ်ဖို့ကောင်းလိုက်တာ " လို့ အပင်ထပ်မှ ချယ်ရီတွေကိုပလစ်ကာ ကောင်လေးဖိနပ်တွင်ကပ် နေတဲ့ ချယ်ရီပွင့်ဖက်လေးတွေကို ချီးကျူးမိ လိုက်သေး...

ဟင်း လူဆိုတာ ဘက်လိုက်တတ်တဲ့လူတွေပဲ မဟုတ်လား...
မျက်စိက မြင်နေရတဲ့ သစ်ပင်ပေါ်က ချယ်ရီတွေက ရှင်သန်ကာ ပိုမို လှပနေတယ်ဆိုတာ လူတွေအားလုံးရဲ့ သက်သေ ဆိုစေကာမူ နှလုံးသားရဲ့ မြတ်နိုးရာက အရှေ့မှ လမ်းလျှောက်နေတဲ့ ကိုယ့်ကောင်လေးဆိုတော့
လေ...

ကောင်လေးနဲ့ပတ်သတ်တဲ့အရာမှန်သမျှက
ချစ်စဖွယ်...

ဟော...

မြေကြီးပေါ်စွဲထင်ကျန်သွားတဲ့ ဖိနပ် ခြေရာလေးတွေကလည်း ချစ်စရာလေးဗျ...

သူချန်သွားခဲ့သော ခြေရာနေရာလေးတွေကို
ဘေးကနေ ငေးရင်းသာ မနင်းရက်...

တစ်ချိန် သူနဲ့ ချစ်ကြိုးသွယ်လျှင် ဒီမြေနီလမ်း ချယ်ရီမြေကို တစ်ရက်အချိန်ပေးပီး လာမယ်..

ချယ်ရီတွေမြိုင်နေတဲ့ လမ်းတစ်နေရာမှာ ထိုင်ခုံ
နေရာလေးတစ်ခုခင်းကျင်းပီး..သူ့ပုံတူလေးကိုဆွဲ
ကြည့်မယ်...

ကိုယ့်ကောင်လေးကို မြင်တဲ့အခါ ချယ်ရီတွေ
တောင် ခယပြီးကြွေကျကုန်မယ်...
ပန်းရောင်ချယ်တဲ့ သူတို့က ကောင်ငယ်လေးရဲ့
ဆံနွယ်လေးတွေပေါ်ရယ် ပခုံးဖျားလေးတွေထက်
မှာ သက်ဆင်းခိုနားနေခိုက်....

BoyFriend Material ||CHANBAEK|| (Zawgyi+Unicode)Where stories live. Discover now