4⃣

9.5K 1.1K 145
                                    


Unicode

"Baekhyun..သားဒီနေ့စောစောပြန်လာခဲ့နော်.."

စတော်ဘယ်ရီယိုသုတ်ပေါင်မုန့်လက်ကျန် တစ်ကိုက်စာ ခန့်ကို ပါးစောင်ထဲထိုးထည့်လိုက်ပေမယ့် မမြိုချမိသေး...
ကျောပိုးအိတ်ကောက်လွယ်ပီး မေ ဆက်ပြောမယ့်
အရာကိုသာနားစွင့်နေလိုက်တယ်...

မေ ကတော့ ယိုထိုးထားတဲ့စတော်ဘယ်ရီသီးတွေကို ဗူးနဲ့ကျကျနနထည့်နေ၏...ကျတော့်ကို
ကြည့်မနေ...

"မင်းဖေဖေနဲ့ တူတူ ထမင်းစားဖို့နောက်ကျမှာဆိုး
လို့.."

အာ...ဖေဖေက ဒီနေ့ ညနေ နယ်ဖက်ကို စတော်ဘယ်ရီပုံးတွေသွားပို့ရမှာ...ညနေပိုင်း လောက်ထွက်မှ ဖေဖေသွားပို့မယ့် နယ်ဖက်ကို မနက်ပိုင်း
စောစောလောက်ရောက်မယ်မှာမို့တဲ့လေ...

ယခုဆို ကျတော်တို့အိမ်ရဲ့အနောက်ဖက်ဂိုထောင်
လေးထဲမှာ စတော်ဘယ်ရီသီးတွေအပြည့်ရှိတဲ့
စက္ကူဗုံးတွေအပြည့်ဖြစ်နေလေပီ...

နှစ်ညအိပ်သုံးရက်လောက်ကြာမယ်ထင်တယ်...
ဖေဖေ မသွားခင် ညနေဆို မိသားစုစုံစုံညီညီထမင်း
စားလေ့ရှိတယ်...မေကလည်း အဲ့လိုနေ့မျိူးဆို
ဖေဖေ့အကြိုက် ဟင်းတွေ အစုံကိုလက်စွမ်းပြပီး
ကျတော်နဲ့ ကျတော့်ညီဆိုတာ ထမင်းနှစ်ခါထည့့်ပဲ...ဖေဖေ့အကြိုက်တွေနဲ့ ကျတော်တို့ညီအစ်ကို
နှစ်ယောက်ရဲ့အကြိုက်ကလည်းတူတာကြောင့်...မေ ပြောနေကျ ငါနဲ့မတူတဲ့အဖေတူသားတွေ ဆိုတဲ့ အသံလေးကို ဒီညကြားရအုံးမယ်...

"Nae...Nae...မေ.."

ပလုတ်ပလောင်းအသံနဲ့ပြောတော့ မေကမော့ကြည့်တယ်...ပီးတော့တစ်ချက်ပြုံးပီး..

"ငါ့သားကြီးတောင်အရွယ်ရောက်နေပီပဲ.." တဲ့

ရုတ်တရတ် မေ ဆီက အဲ့လို ပြောသံလေးကြား
ရတော့ ကျတော် ဘာပြန်ပြောရမှန်းပင်မသိ...

"ဒါပေမယ့် မေ့မျက်စိထဲ ကလေးလေးလို့ပဲမြင်
နေမိတယ်.."

ပြုံးနေရင်းနှင့် စကားရှေ့ဆက်သော မေ...
မေ မျက်လုံးတွေက အောက်သို့သာကြည့်နေပီး
ကျတော့်ကို ကြည့်မနေတော့...

သားသမီးဆိုတာ မိဘအတွက်ဘယ်သောအခါ..
အချိန်တွေကြာညောင်းသွားပါစေအုံး...
ထာဝရကလေးငယ်တွေမဟုတ်ပါလား...

BoyFriend Material ||CHANBAEK|| (Zawgyi+Unicode)Donde viven las historias. Descúbrelo ahora